Trending Now

စစ်ရေးလေ့ကျင့်နေစဉ်အတွင်း ပစိဖိတ်သမုဒ္ဒရာထဲမှာ အမေရိကန်ဖရီးဂိတ်စစ်သင်္ဘောကို ပစ်ခတ်နှစ်မြှုပ်ခဲ့

Spread the love

စစ်ရေးလေ့ကျင့်နေစဉ်အတွင်း ပစိဖိတ်သမုဒ္ဒရာထဲမှာ အမေရိကန်ဖရီးဂိတ်စစ်သင်္ဘောကို ပစ်ခတ်နှစ်မြှုပ်ခဲ့

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁၉

အမေရိကန်ရေတပ်မှ ယူအက်စ်အက်စ အမ်-ဒေးဗစ် (FFG-60) ပဲ့ထိန်းလမ်းညွှန်ဒုံးကျည်တပ် ဖရီးဂိတ်သင်္ဘော ဟာစစ်ရေးလေ့ကျင့်နေစဉ်အတွင်း ဇူလိုင်လ ၁၆ ရက်နေ့ကဟာဝိုင်ယီကမ်းခြေနဲ့ မိုင် ၅၀ အကွာအဝေးလောက် မှာ နစ်မြုပ်သွားတယ်လို သိရပါတယ်။

အမေရိကန်၊ ကနေဒါ၊ သြစတေးလျနဲ့ မလေးရှားနိုင်ငံတိုပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုဆောင်ရွက်နေစဉ်အတွင်း အဲဒီစစ်သင်္ဘောတွေက ပစ်ခတ်ခဲ့တဲ့အတွက် အမေရိကန်ဖရီးဂိတ်သင်္ဘော ပင်လယ်ရေအောက် ပေ ၁၅၀၀၀ အောက်ကို နစ်မြုပ်သွားတဲ့ ဗီဒီယိုဖိုင်ကို အမေရိကန်ရေတပ်က ထုတ်ဖော်ပြသခဲ့ပါတယ်။

အဲဒီဖရီးဂိတ်စစ်သင်္ဘောနာမည်ဟာ မရိန်းတပ်ကြပ်ကြီး ရော့ဒ်နီမက်ခ်ဝဲလ်ဒေးဗစ်စ်ကို ဂုဏ်ပြုတဲ့အနေနဲ့ မှည့် ခေါ်ထားတာဖြစ်ပြီး တပ်ကြပ်ကြီး ရော့ဒ်နီမက်ခ်ဝဲလ်ဒေးဗစ်စ်ဟာ ဗီယက်နမ်စစ်ပွဲကာလအတွင်း ၎င်းရဲ့စွန့်လွှတ် စွန့်စားမှုအတွက် စွမ်းရည်ဘွဲရရှိခဲ့သူဖြစ်ပါတယ်။

၁၉၈၇ ခုနှစ်ကတည်းက တပ်တော်ဝင်ခဲ့တဲ့ ယူအက်စ်အက်စ အမ်-ဒေးဗစ် (FFG-60) ပဲ့ထိန်းလမ်းညွှန်ဒုံးကျည် တပ်ဖရီးဂိတ်သင်္ဘောဟာ ပစိဖိတ်သမုဒ္ဒရာထဲမှာ အနှစ် ၃၀ ကျော်တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သင်္ဘောဖြစ်ပြီး Oliver Hazard Perry အတန်းအစားသင်္ဘောထဲမှာ နောက်ဆုံးမတိုင်ခင် တစ်စီးအလိုမှာ တည်ဆောက်ခဲ့တဲ့ စစ်သင်္ဘောဖြစ်ပါတယ်။

Oliver Hazard Perry အတန်းအစားဖရီးဂိတ်သင်္ဘောတွေဟာ ၁၈၁၃ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ Lake Erie တိုက်ပွဲ မှာ သူရဲကောင်းတစ်ဦးအဖြစ်တိုက်ပွဲဝင်ခဲ့တဲ့ စစ်ရေယာဉ်မှူး Oliver Hazard Perry ကို ဂုဏ်ပြုပြီး နာမည်ပေး ထားတဲ့ ပဲ့ထိန်းလမ်းညွှန်ဒုံးကျည်တပ်စစ်သင်္ဘောတွေ ဖြစ်ပါတယ်။

ယူအက်စ်အက်စ အမ်-ဒေးဗစ် (FFG-60) ဖရီးဂိတ်သင်္ဘောကို ၂၀၁၅ ခုနှစ်မှာ အနားပေးခဲ့ပါတယ်။
ဇူလိုင်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်၊ ကနေဒါ၊ သြစတေးလျနဲ့ မလေးရှားနိုင် တိုပါဝင်ခဲ့ပြီး ယူအက်စ်အက်စ အမ်-ဒေးဗစ် (FFG-60) ကို ပစ်ခတ်နှစ်မြှုပ်ခဲ့တာဖြစ်ပါတယ်။

Ref: US Warship Sunk By Missile Fire In Pacific

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။