Trending Now

တန့်ဆည်မြို့နယ်ထဲက PDF စခန်းတခု လက်နက်ခဲယမ်းတွေနဲ့အတူ သိမ်းဆည်းခံရ

Spread the love

တန့်ဆည်မြို့နယ်ထဲက PDF စခန်းတခု လက်နက်ခဲယမ်းတွေနဲ့အတူ သိမ်းဆည်းခံရ
EPN
တန့်ဆည် ၊ ဖေဖော်ဝါရီ ၁၂
စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့နယ် ၊ ကာပေါင်းကျ (အနောက်) ကျေးရွာအနီးမှာ အခုလ ၁၁ ရက် ၊ မနေ့က ညနေပိုင်းမှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့နဲ့ ဒေသခံ PDF တွေ ထိတွေ့ ပစ်ခတ်မှုတွေဖြစ်ပွားပြီး PDF စခန်းတခုအပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံရတယ်လို့ တန့်ဆည်နယ်ခံတွေထံက သိရပါတယ်။
” ကာပေါင်းကျ အနောက်ရွာနားမှာ ညနေ ၄ နာရီနောက်ပိုင်း ပစ်ခတ်သံတွေကြားရတယ် ၊ PDF စခန်းတခု အသိမ်းခံရတာ ၊ အလောင်းတွေ ၊ လက်နက်ခဲယမ်းတွေ ပါ ရတယ် ” လို့ ကာပေါင်းကျရွာခံ တစ်ယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့နဲ့ နီးစပ်သူ တစ်ယောက်ပြေတာက ” ရန်သူ့ဘက်က ကျားအလောင်း ၂ လောင်းနှင့်အတူ တူမီး ၂ လက်၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်လက်ပစ်ဗုံး ၄ လုံး၊ သံပိုက် လုံးဆွဲမိုင်း ၁ လုံး၊ ယမ်းမှုန့် ၁ ဗူး၊ ခဲသီး ၅၀ လုံး၊ ဘောစိ ၅၅ လုံး၊ ကီးပတ်ဖုန်း ၃ လုံး၊ ဝါယာကြိုး ၂၀၀ ပေခန့် ၂ ခွေ၊ ပြောက်ကျားဦးထုပ် ၇ လုံး၊ ပြောက်ကျားပုခက် ၁ လုံး၊ ပြောက်ကျားတီရှပ်အင်္ကျီ ၁ ထည်၊ အရပ်ကျောပိုးအိတ် ၅ လုံး၊ စစ်ကျောပိုးအိတ် ၁ လုံး၊ NLD အလံ ၁ ခု၊ ဆေးပစ္စည်းမျိုးစုံ ၁ အိတ်တို့အာ သိမ်းဆီးရမိခဲ့တယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အခုလ လဆန်းပိုင်းကစလို့ ဒီကနေ့အထိ ၁၂ ရက်တာ ကာလမှာ ရွှေဘိုခရိုင်ထဲက ဒီပဲယင်း ၊ ဝက်လက် ၊ ရေဦး ၊ ခင်ဦး ၊ တန့်ဆည် ၊ ရွှေဘို အပါအဝင် မြို့နယ်တွေမှာ PDF စခန်း ၆ ခုထက်မနည်း သိမ်းခံရပြီး လူ လက်နက် ခဲယမ်းတွေ ပါဝင်တယ်လို့ သိရပါတယ်။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။