Trending Now

အင်းတော်ကြီးဒေသရှိ ငါးလုပ်ငန်းစခန်းအား ပြန်လည်ပြုပြင်

Spread the love

အင်းတော်ကြီးဒေသရှိ ငါးလုပ်ငန်းစခန်းအား ပြန်လည်ပြုပြင်

EPN
မြစ်ကြီးနား၊ မတ် ၈ (၂၀၂၄)

မိုးညှင်းခရိုင် အင်းတော်ကြီးဒေသရှိ ငါးလုပ်ငန်းစခန်းအား ပြန်လည်ပြုပြင်၍ ငါးသားပေါက်များ ထုတ်လုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် သီရီပျံချီ ဦးခက်ထိန်နန်က ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ယမန်နေ့ (မတ် ၇ ရက်)က ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းကဲသို့ ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က အင်းတော်ကြီးဒေသအတွင်း လုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိသည့် ငါးလုပ်ငန်းစခန်းအား ယခုလို ပြန်လည်ပြုပြင်တည်ဆောက်၍ ငါးသားပေါက်ထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်သွားမည့် အစီအစဉ်တင်ပြလာသည့်အတွက် ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။

၎င်းအပြင် ပြည်နယ်ပြင်ပမှ နှစ်စဉ်ငါးတန်ချိန်များစွာ တင်သွင်းပြီး စားသုံးနေရသည့်အတွက် ပြည်နယ်အတွင်း၌သာ ငါးသားပေါက် ထုတ်လုပ်ရောင်းချ/ ဖြန့်ဖြူးနိုင်ခြင်းအားဖြင့် ဒေသတွင်း ငါးစားသုံးမှု ပိုမိုဖူလုံလာစေမည့်အပြင် ငါးမွေးမြူရေးလုပ်ငန်းများလည်း ပိုမိုတိုးမြှင့် ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များအား ပွင့်လင်းရင်းနှီးစွာ တင်ပြဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အင်းတော်ကြီးဒေသ ငါးသားဖောက်စခန်းနှင့် စပ်လျဉ်း၍ လုပ်ငန်းရပ်ဆိုင်းခဲ့ရမှု အခြေအနေများ၊ ငှားရမ်းလုပ်ကိုင်ဆောင် ဆောင်ရွက်မည်ဆိုပါက လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး၊ ကရင်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာအောင်မြင့်၊ စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူးတို့က အင်းတော်ကြီးဒေသ ငါးသားဖောက်စခန်းအား ပြန်လည်ပြုပြင် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ ငါးသားဖောက်လုပ်ငန်းဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ဒေသနှင့် ကိုက်ညီသော ငါးသားပေါက် သိန်း (၂၀)ခန့်ကို မျိုးစိုက်ထည့်ပေးသွားမည့် အကြောင်းတို့ကို တင်ပြဆွေးနွေးခဲ့ကြသည်။

အဆိုပါ ငါးလုပ်ငန်းစခန်းအား ပြန်လည်ပြုပြင်ခြင်းနှင့် ပတ်သက်သည့် အစီအမံများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကသစ်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။