Trending Now

သွေးသစ်ဝင်းလှိုင်က ထွန်းထွန်းမင်းကို အနိုင်ရ

Spread the love

သွေးသစ်ဝင်းလှိုင်က ထွန်းထွန်းမင်းကို အနိုင်ရ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၃၀

ဇန်နဝါရီလ ၂၉ ရက်နေ့ က ကျင်းပပြုလုပ်ခဲ့တဲ့ The Greatest Lethwei မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးမှာ သွေးသစ်ဝင်းလှိုင်က ထွန်းထွန်းမင်းကို အနိုင်ရရှိသွားခဲ့ပြီး မြန်မာ့ပြည်ပထမတန်း ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။

ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အဆိုပါရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးမှာ မြန်မာပြည်ပထမတန်းချန်ပီယံဆု တွဲဆိုင်းဖြစ်တဲ့ ထွန်းထွန်းမင်းနဲ့ သွေးသစ်ဝင်းလှိုင်တို့ရဲ့ပွဲအပါအဝင် တွဲဆိုင်းပေါင်း ၈ တွဲထိုးသတ်ခဲ့ပါတယ်။

၄ ချီမြောက်မှာ သွေးသစ်ဝင်းလှိုင် ရဲ့ ထိုးချက်နဲ့ ထွန်းထွန်းမင်း ဒိုင်အမှတ်စဉ်ရေတွက်တဲ့အထိ နှစ်ကြိမ်တိုင်တိုင် လဲကျသွားခဲ့ပေမဲ့ ပြန်ထလာနိုင်ခဲ့ပြီး ၅ ချီပြည့်အဖြစ်ထိုးသတ်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း သွေးသစ်ဝင်းလှိုင် ကတော့ ဒိုင်တွေရဲ့အဆုံးအဖြတ်နဲ့ ထွန်းထွန်းမင်း ကို အနိုင်ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

‘ဒီပွဲကို အနိုင်ရတဲ့သူတိုင်း ကျွန်တော့်ကို စိန်ခေါ်ခွင့်ပေးမယ်။ ရှင်ဘုရင်ဖြစ်ဖို့ ရှင်ဘုရင်ကို အနိုင်ယူရမယ်။ နောက်စိန်ခေါ်မှုအတွက် ကျွန်တော် အဆင်သင့်ဖြစ်နေပါပြီ။ တိုက်ခိုက်ရေးသမား နှစ်ယောက်စလုံး ကံကောင်းပါစေ” လို့ လက်ရှိ World Lethwei ချန်ပီယံ Dave Leduc ကပြောဆိုထားပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။