Trending Now

လူနာအမှတ် ၂၄၉ ရဲ့ ဆေးစစ်ချက်အဖြေ ဒုတိယအကြိမ် Negative ထွက်ပါက ဆေးရုံက ဆင်းခွင့်ရမည်

Spread the love

လူနာအမှတ် ၂၄၉ ရဲ့ ဆေးစစ်ချက်အဖြေ ဒုတိယအကြိမ် Negative ထွက်ပါက ဆေးရုံက ဆင်းခွင့်ရမည်

EPN
မိုးမောက်၊ ဇွန် ၂၉

ကချင်ပြည်နယ်၊ ဗန်းမော်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ မိုးမောက်မြို့က လူနာ အမှတ် (၂၄၉)ရဲ့ ဆေးစစ်ချက်အဖြေ Negative ထပ်မံထွက်ပါက ဆေးရုံက ဆင်းခွင့်ရမယ် လို့ မိုးမောက်မြို့နယ် ကျန်းမာရေးဦးစီးဌာန က သိရပါတယ်။

၎င်းရဲ့ ဇွန်လ ၂၅ရက်နေ့ မတိုင်မီက ပေးပို့ထားတဲ့ ဆေးစစ်ချက်အဖြေမှာ ပိုးမရှိကြောင်း Negative အဖြေထွက်ထားပြီး ဇွန်လ ၂၅ ရက် နေ့ ထပ်မံပေးပို့ထားတဲ့ ဆေးစစ်ချက်အဖြေကို စောင့်ဆိုင်းနေတယ် မိုးမောက်မြို့နယ် ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာတင်မေသင်းက ဆိုပါတယ်။

”သူ့ကို ပထမတစ်ကြိမ်ပြန်စစ်တာက Negative ပါ အခု(၂၅)ရက်နေ့က တစ်ကြိမ်ပြန်ပို့ထားတယ်။ အဖြေကတော့ ပြန်မလာသေးဘူး။ ပို့တာ ကတော့ ဗန်းမော်ဆေးရုံကြီးကနေ ပို့တာပါ” လို့ ဒေါက်တာ တင်မေသင်းက ပြောပါတယ်။

လက်ရှိ ၎င်းရဲ့ကျန်းမာရေးအခြေအနေဟာလည်း တည်ငြိမ်ကောင်းမွန် တယ်လို့ ဒေါက်တာ တင်မေသင်းက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ယခု ဒုတိယအကြိမ်ဆေးစစ်ချက်မှာ Negative အဖြေထပ်ထွက်ပါက ရောဂါပိုးကင်စင်ပြီဖြစ်လို့ ဆေးရုံက ဆင်းခွင့်ရမယ်လို့ သိရပါတယ်။

လူနာအမှတ် ၂၄၉ ဟာ ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး မြန်မာ-တရုတ် နယ်စပ် လွယ်ဂျယ်ဂိတ်မှာ ပြည်တော်ပြန်တွေကို ကျန်းမာရေး စစ်ဆေးပေးရင်း ၎င်းရဲ့ နှာခေါင်းတို့ဖတ်အာခေါင်တို့ဖတ်ကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL)ကိုပေးခဲ့ရာမှ COVID-19 ရောဂါပို့တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဇွန်လ (၁၁)ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

၎င်းနဲ့ ထိတွေ့ဆက်စပ်သူ လူပေါင်း(၄၀၀)ကျော်ကိုလည်း Home Quatantine အဖြစ်ထားရှိပြီး နှာခေါင်း တို့ဖတ်အာခေါင်တို့ဖတ်တွေကို NHL သို့ပေးပို့ခဲ့ရာ All Negative အဖြေထွက်ထားတယ်လို့ မိုးမောက်မြို့နယ် ကျန်းမာရေးမှူး ဒေါက်တာတင်မေသင်းက ဆိုပါတယ်။

”အရင်က တစ်ရာကျော်ရဲ့ဆေးစစ်ချက်က Negative ထွက်ပါတယ်။ ဒီလ (၂၅)ရက်နေ့ကလည်း လူပေါင်း၂၂၀ ကျော်ရဲ့ဆေးစစ်ချက်အဖြေက negative ပဲထွက်တယ်။ သူနဲ့ဆက်စပ်ထိတွေ့သူအားလုံး Negative ပါပဲ” လို့ ၎င်းက ထည့်သွင်းပြောပြပါတယ်။

ကချင်ပြည်နယ်က ပထမဦးဆုံး COVID-19ပိုး တွေ့ခဲ့တဲ့ လူနာအမှတ် (၁၄၄ )မှာ ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန က ဧပြီလ ၂၄ရက်နေ့က ထုတ်ပြန်ကြေငြာထားပြီး မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးမှာ ရက်ပေါင်း(၂၀)ကျော်အကြာ ဆေးကုသမှုခံယူပြီးနောက် ရောဂါပိုးကင်းစင် သွားတာကြောင့် မေလ ၁၁ရက်နေ့မှာ ဆေးရုံက ဆင်းခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။