Trending Now

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ခရစ်ယန်တွေ အပြစ်ကျူးလွန်ခဲ့ကြတဲ့ ကနေဒါနိုင်ငံက တိုင်းရင်းသားတွေကို တောင်းပန်

Spread the love

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ခရစ်ယန်တွေ အပြစ်ကျူးလွန်ခဲ့ကြတဲ့ ကနေဒါနိုင်ငံက တိုင်းရင်းသားတွေကို တောင်းပန်

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၂၆

ကနေဒါနိုင်ငံကို ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အယ်လ်ဘာတာ မှာရှိတဲ့ ဒေသခံ လူမျိုးတွေနဲ့အတူ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး တိုင်းရင်သားတွေအပေါ် ခရစ်ယာန်တွေ ကျူးလွန်ခဲ့ကြတဲ့ မကောင်းမှုတွေအတွက် တောင်းပန်ခဲ့ပါတယ်။

အရင်တုန်းက ကနေဒါ နိုင်ငံ အစိုးရဦးဆောင်ပြုလုပ်ခဲ့တဲ့ ကျောင်းပညာရေး စနစ်အောက်မှာ ကက်သလစ်အသင်းတော်ကြီး ပါဝင်လုပ်ဆောင်တဲ့ အခန်းကဏ္ဍမှာ မှားယွင်းလုပ်ဆောင် ခဲ့မှုတွေအတွက် တောင်းပန်စကားဆိုခဲ့တာဖြစ်ပါတယ်။

“ဒီလိုမျိုး စိတ်ပျက်ဖွယ် မကောင်းမှုနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ ဘုရားသခင်ရှေ့မှောက်မှာ ဒူးထောက်ပြီး အပြစ်တွေအတွက် ခွင့်လွှတ် ပေးဖို့ အသနားခံ ပါတယ်။ ဒေသခံ တိုင်းရင်းသား လူမျိုးတွေနဲ့ ဆန့်ကျင်ပြီး ခရစ်ယာန်တွေ ကျူးလွန်ခဲ့ကြတဲ့ မကောင်းမှုတွေ အတွက်နှိမ့်ချစွာ ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံ အပ်ပါတယ်။” လို့ ပုပ်ရဟန်းမင်းကြီးက တောင်းပန်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးတောင်းပန်ခဲ့တာဟာ ကနေဒါနိုင်ငံရဲ့အစိုးရ အာဏာပိုင်တွေဟာ ၁၈၈၀ ခုနှစ်နှောင်းပိုင်းကနေ ၁၉၉၀ ခုနှစ်တွေအထိ တိုင်းရင်းသား ကလေးငယ် ၁၅၀၀၀၀ နီးပါးကို သူတို့ ဆောက်ထားတဲ့ ခရစ်ယာန် ကျောင်းဆောင်တွေမှာ အတင်းအကျပ်ခွဲထုတ်ပြီး နေစေခဲ့တာတွေ ပါဝင်ပါတယ်။

အဓိကအားဖြင့် ဒေသခံတိုင်းရင်းသားကလေးငယ်တွေကို မိသားစုတွေနဲ့ သူတို့ရဲ့ ယဉ်ကျေးမှုဆိုင်ရာ ဆက်နွယ်မှုတွေကို ဖြတ်တောက်ပစ်ပြီး ကလေးတွေကို ကနေဒါ လူဖြူအဖွဲ့အစည်းအဖြစ် ပေါင်းစည်းဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့ရာမှာ ကသလစ်အသင်းတော်က ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်က စတင်ပြီး ရာနဲ့ ချီတဲ့ တိုင်းရင်းသား ကလေးငယ်တွေရဲ့ ရုပ်အလောင်းတွေကို အတင်းအကျပ်ထားခဲ့တဲ့ စာသင်ကျောင်းတွေအောက်မှာ ရှာတွေခဲ့ပြီးနောက် ပြန်လည်သင့်မြတ်ရေးကော်မရှင်က “ယဉ်ကျေးမှုဆိုင်ရာ လူမျိုးတုံးသတ်ဖြတ်မှု” အဖြစ် ရှုတ်ချခဲ့ပါတယ်။

အဲဒါတွေအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တောင်းပန်စကား ပြောဆိုခဲ့ပေမယ့် အချို့ အသက်ရှင်ကျန်ရစ်ခဲ့ တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေက “ တောင်းပန်ချက်က အိမ်ပြန်မရောက်နိုင်တော့တဲ့ ကလေးတွေရဲ့ နာကျင်မှုကို သက်သာစေမှာ မဟုတ်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

Source – DW

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။