Trending Now

မချမ်းဘော့မြို့နယ် မနက်ဈေး၌ COVID-19 ရောဂါကာကွယ်နိုင်ရန် အသိပညာပေး ဟောပြောခြင်းနှင့် Mask များဖြန့်ဝေ

Spread the love

မချမ်းဘော့မြို့နယ် မနက်ဈေး၌ COVID-19 ရောဂါကာကွယ်နိုင်ရန် အသိပညာပေး ဟောပြောခြင်းနှင့် Mask များဖြန့်ဝေ

EPN
မချမ်းဘော့၊ ဇွန်လ ၂၂

ပူတာအိုခရိုင် မချမ်းဘော့မြို့ မြို့မ မနက်ဈေးတွင် ယနေ့နံနက်က ရဝမ်လူငယ်အသင်းမှ COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး ဟောပြောခြင်းနှင့် Mask များဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောရာတွင် COVID-19 ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် ပြည်သူ များ သိရှိလိုက်နာရမည့် ဆောင်ရန် ရှောင်ရန် အချက်များကို ရဝမ်ဘာသာ၊ မြန်မာဘာသာ (၂) ဘာသာဖြင့် ဟောပြောခဲ့ပြီး လူစည်ကားရာ မြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်တို့တွင် ပြည်သူတို့လက်ဝယ် အရောက် Mask (၅၀၀)ခုကို ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။

မချမ်းဘော့မြို့နယ်အတွင်းရှိ ရဝမ်ဘာသာစကားသာ နားလည်သည့် သက်ကြီးရွယ်အို တိုင်းရင်းသားများ အားလုံးကို COVID -19 ရောဂါကြိုတင်ကာကွယ်ရေးအသိပညာများ သိရှိပြီး ရောဂါကြို တင်ကာကွယ်တားဆီးရေးကို ရည်ရွယ်လျက် အသိပညာပေး ဟောပြောရာတွင် ရဝမ်ဘာသာဖြင့် ထည့်သွင်းဟောပြော ရခြင်းဖြစ်ကြောင်း ရဝမ်လူငယ်အသင်းမှ ဦးလအောင်က ပြောကြားသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။