Trending Now

ရပ်တန့်နေတဲ့ မြန်မာငြိမ်းချမ်းရေး အစီအစဉ်ကို တွန်းအားပေးသွားမယ်လို့ စင်ကာပူဝန်ကြီးချုပ်ပြော

Spread the love

ရပ်တန့်နေတဲ့ မြန်မာငြိမ်းချမ်းရေး အစီအစဉ်ကို တွန်းအားပေးသွားမယ်လို့ စင်ကာပူဝန်ကြီးချုပ်ပြော

EPN
နိုင်ငံတကာ၊ မတ် ၁၇

မြန်မာငြိမ်းချမ်းရေးအစီအစဉ်ကို တွန်းအားပေးဖို့အတွက် စင်ကာပူ၊ အင်ဒိုနီးရှား၊ အာဆီယံ၊ ကုလသမဂ္ဂတို့နဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက မနေ့က ပြေဆိုခဲ့ပါတယ်။

“စင်္ကာပူနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပြင် UN လိုမျိုး အာဆီယံရဲ့ မိတ်ဖက်နိုင်ငံတွေနဲ့လည်း ဆက်လက်ပြီး သဘောတူညီမှု ငါးရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ တွန်းအားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ လီရှန်လွန်းကပြောပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကို အလည်အပတ်ရောက်ရှိလာပြီးနောက် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက မိန့်ခွန်းပြောကြားခဲ့ရာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဦးဆောင်တဲ့ မြန်မာနိုင်ငြိမ်းချမ်းရေး အစီအစဉ်ဟာ တိုးတက်မှုမရှိခဲ့တဲ့အတွက် ခေါင်းဆောင်တွေက နောင်တရမိတယ်လို့လည်း လီက ပြောကြားခဲ့ပါတယ်။

Ref; Reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။