Trending Now

၂၀၂၁ – ၂၀၂၂ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည့် အ.ထ.က နိုဇွန်ဘော်ကျောင်းမှ ကျောင်းသား/သူများကို ဂုဏ်ပြုချီးမြှင့်

Spread the love

၂၀၂၁ – ၂၀၂၂ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည့် အ.ထ.က နိုဇွန်ဘော်ကျောင်းမှ ကျောင်းသား/သူများကို ဂုဏ်ပြုချီးမြှင့်

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၃၀

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည့် အ.ထ.က နိုဇွန်ဘော်ကျောင်းမှ ကျောင်းသား/သူများကို ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို နိုဝင်ဘာလ ၁၅ ရက်နေ့က ကချင်ပြည်နယ် အထူးဒေသ ၁၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ နိုဇွန်ဘော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်း၌ ၂၀၂၁/၂၀၂၂ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား/သူများကို ဒေသအခြေစိုက်ပါတီ ဒီမိုကရေစီပါတီသစ် (ကချင်) ပါတီမှ ကျောင်းသား/သူများ ပညာရေးကို အလေးထား သင်ကြားစေရန်နှင့် ပညာတတ် ပိုမိုများပြားမှုရှိလာစေရန် ရည်ရွယ်ပြီး ဂုဏ်ပြုဆုတံဆိပ်နှင့် ထောက်ပံ့‌ငွေများ ပေးအပ်ဂုဏ်ပြုရခြင်း ဖြစ်ကြောင်း ဒီမိုကရေစီပါတီသစ် (ကချင်) ပါတီ ဒုတိယ ဉက္ကဌ ဦးဇခုန်ယိန်းဆောင်က ပြောသည်။

“ဒေသအတွင်း ပညာတတ်များ ပေါ်ထွက်လာစေရေးအတွက် အမျှော်အမျှရှိစွာနဲ့ စေတနာ၊ ဝါသနာ၊ အနစ်နာဟူ၍ နာသုံးနာနဲ့ နိုဇွန်ဘော် ကျောင်းကြီး မကွယ်ပျောက်သွားဖို့ အတွက် ကြိုးစားခဲ့တဲ့ ဆရာကြီးယိန်းရှိန်တိန့်ဆောင်ကိုလည် ဒေသပြည်သူတွေရဲ့ အားလုံးကိုယ်စား ဦးညွှတ်ဂုဏ်ပြုပါတယ်။ ကျနော်တို့ရဲ့ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းရဲ့ ခေါင်းဆောင်မှုနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ပြီးနောက် ကချင်အထူးဒေသ (၁) ငြိမ်းစည်ကောင်စီမှ ခေါင်းဆောင်ကြီးများရဲ့ ဦးဆောင်မှုအောက်မှာ ကျနော်တို့ ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး၊ကျန်းမာရေး၊ ပညာရေး၊ ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းစဉ်များကို ချမှတ်ပြီးမှဆောင်ရွက်ခဲ့ပါတယ်။ အခုဆိုရင် နိုဇွန်ဘော်ကျောင်းမှာ အခြေခံ၊ မူလတန်း၊အလယ်တန်းအောင်မြင်မူတွေ တိုးတတ်ခဲ့လာတယ်။ ဒေသမှာ ပညာတတ်မောင်မယ်တွေ ပေါ်ထွန်းလာပြီး အဲ့အတွက်လည်း ဆရာ၊ ဆရာမကြီးများကို အထူးကျေးဇူးတင်ပါတယ် အခုဆို ဒေသက ပညာတတ်လူငယ်တွေ ခေါင်းဆောင်နေရာတွေကို လက်ဆင့်ကမ်း ထမ်းဆောင်နေကြပါပြီ အထက နိုဇွန်ဘော် ကျောင်းရဲ့ အောင်ချက်ရာခိုင်နှုန်း‌တွေ ယခင်ထက်ပိုမိုတိုးတတ်ရရှိနိုင်အောင် ဆက်လက်ပြီးမှ ကြိုးစားပေးကြဖို့ အထူးတိုက်တွန်းလွန်တယ် “ဟု ၎င်းကပြောပြသည်။

၂၀၂၂/၂၀၂၃ ပညာသင်နှစ်တွင် အထက နိုဇွန်ဘော် အခြေခံအထက်တန်းကျာင်းမှ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား/သူ (၁၂)ဦး ဝင်ရောက်ဖြေဆိုကြမည် ဖြစ်ကြောင်း သိရသည်။

ဒေသအခြေစိုက်ပါတီ နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသည့် ရပ်ကျေး တာဝန်ခံအဖွဲ့အစည်းများက တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူများကို ဂုဏ်ပြုဆုငွေများ နှင့် (အထက) နိုဇွန်ဘော် အခြေခံပညာ အထက်တန်းကျောင်း ၏ လိုအပ်ချက် များကို အဘက်ဘက်က ပါဝင် ဖြည့်ဆည်းပေးခဲ့သည့် အတွက် အထူးကျေးဇူးတင်ရှိကြောင်း (အထက) နိုဇွန်ဘော် ကျောင်းအုပ်ကြီး ဦးညိုတင်က ဆိုသည်။

“ကျနော်တို့ နိုဇွန်ဘော် ဒေသက တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့တဲ့ ကျောင်းသား/သူ တွေကို ဆုချီးမြှင့်ပေးတဲ့ ကချင်အထူးဒေသက ဦးယိန်းဆောင်တို့၊ဆရာဦးခေါတိန့်နဲ့ တပ်မှူးကြီးတို့ ပြီးတော့ ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်ရှိပါတယ်။ ရပ်ကျေးတာဝန်ရှိ လူကြီးတွေ အနေနဲ့လည်း တစ်နယ်တစ်ကျေးက လာရောက်ပညာကြားပေးနေတဲ့ ဆရာ/ဆရာမ တွေကိုလည်း ကို့ညီကိုနောင်နှမသဖွယ် စောင့်ရှာက်ပေးစေလိုပါတယ် လိုအပ်တဲ့ အကူအညီကိုလည်းပေးစေလိုပါတယ်။ ကျနော်တို့ဘက်ကတော့ ပညာရေးနဲ့ပတ်သက်လာရင် ကလေးတွေအတွက်အစွမ်းကုန် ကူညီလုပ်ဆောင်ပေးသွားမယ်” ဟု ၎င်းက ပြောသည်။

ကချင်အထူးဒေသ (၁)ရှိ (အထက )နိုဇွန်ဘော် အခြေခံ ပညာအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ၂၀၁၉/၂၀၂၀ ပညာသင်နှစ်တွင် (၅)ဦး နှင့် ၂၀၂၁/၂၀၂၂ ပညာသင်နှစ်တွင် အောင်မြင်ခဲ့သူ (၁၁) ဦးတို့အား တစ်သိန်းကျပ်နှုန်းဖြင့် (၁၆)သိန်းကိုလည်းကောင်း အဆိုပါ (၁၆)ဦး အနက် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ (၇)ဦးအတွက် ဂုဏ်ထူး တစ်ဘာသာလျှင် ထပ်ဆောင်း ဆုငွေ တစ်သိန်း ကျပ်နှုန်းဖြင့် (၉)သိန်း တို့ကို ဒေသအခြေစိုက်ပါတီ ဒီမိုကရေစီပါတီသစ် (ကချင်) ပါတီမှ ဆုငွေ (၂၅)သိန်းပေးအပ်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်နေသည့် ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်သည့် ဆန်းလင်းကုမ္ပဏီနှင့် အမှတ် (၁၀၀၁)နယ်ခြား တပ်မှူးတို့ကလည်း ကျောင်းသား/သူ အသီးသီးတို့အား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ကချင်အထူးဒေသ(၁)အတွင်းရှိ ပန်ဝါ၊ ချီဖွေ၊ နိုဇွန်ဘော်၊ ဆော့လော်၊ ဆဒုံး၊ ကံပိုင်တည်၊ မန်ဒေါင်/မန်ဝိန်း၊ ဆိုင်လော် စသည့် အခြေခံပညာအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူ ကျောင်းသား/သူ စုစုပေါင်း (၁၅၄) ဦးကိုလည်း ဂုဏ်ပြုဆုတံဆိပ်များနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြတ်မင်း
+3
Get more messages for ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်
You can add a Messenger button to your post to get more messages for ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်.


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။