Trending Now

နေရပ်ပြန်မြန်မာအလုပ်သမားတွေ မေ ၃၁ နောက်ပိုင်းမှ ထိုင်းကိုပြန်ရင် MOU နဲ့ သာပြန်ရမယ်လို့ထိုင်းအစိုးရသတင်းထုတ်ပြန်

Spread the love

နေရပ်ပြန်မြန်မာအလုပ်သမားတွေ မေ ၃၁ နောက်ပိုင်းမှ ထိုင်းကိုပြန်ရင် MOU နဲ့ သာပြန်ရမယ်လို့ ထိုင်းအစိုးရသတင်းထုတ်ပြန် 
EPN
နိုင်ငံတကာ၊ ဧပြီ ၂၀
သြင်္ကန် ကာလအတွင်း နေရပ်ပြန် မြန်မာအလုပ်သမားတွေအနေနဲ့ မေလ ၃၁ ရက် အမိ ထိုင်းနိုင်ငံဆီ ပြန်ဝင်ရောက်မှုမရှိပါက MOU စနစ်နဲ့သာ ဝင်ရောက်ရမှာဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ 
သြင်္ကန် ကာလအတွင်းထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံ ကို ပြန်သွားတဲ့အလုပ်သမားဦးရေ ၁၀၅၈၄၉ ဦးရှိတယ်လို့ ထိုင်း အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ နေရပ်ပြန်မြန်မာအလုပ်သမားများအနေနဲ့ (Re-Entry Visa ) ခွင့်ပြုပေးထားတဲ့ ကာလနောက်ဆုံးနေ့ဖြစ်တဲ့ ဧပြီ ၃၀ ရက် အမီ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရမှာဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ရက်အမီ ထိုင်းနိုင်ငံကို ပြန်လည် မဝင်ရောက်နိုင်သူများအနေနဲ့ မေလ ၁ ရက်နေ့မှ မေလ ၃၁ ရက်အထိ ဒဏ်ကြေးငွေ(၂၀၀၀)ဘတ်ပေးဆောင် ရမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနကဆိုပါတယ်။ 
ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ သြင်္ကန် ကာလအတွင်း ထိုင်းနိုင်ငံကနေ နေရပ်ပြန်သွားတဲ့ အလုပ်သမားဦးရေ နှစ်သိန်းနီးပါးရှိကြောင်း၊ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားတွေ နေရပ်ပြန်သွားခဲ့တာဖြစ်ကြောင်းဖော်ပြထားပါတယ်။
—————————————————-

EPN



 

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။