Trending Now

ပေကျင်းမြို့တွင် ကိုရိုနာဗိုင်းရပ်စ် အစုလိုက်အပြုံလိုက် ကူးစက်မှုများ ဖြစ်ပွား

Spread the love

ပေကျင်းမြို့တွင် ကိုရိုနာဗိုင်းရပ်စ် အစုလိုက်အပြုံလိုက် ကူးစက်မှုများ ဖြစ်ပွား

EPN
နိုင်ငံတကာ၊ ဇွန် ၁၆

ပေကျင်းမြို့ရှိ ရှင်းဖာဒီဈေးနှင့်ဆက်စပ်သည့် ကိုဗစ်-၁၉ ရောဂါ အစုလိုက် အပြုံလိုက် ကူးစက်မှုသစ်များကြောင့် ပေကျင်းမြို့တော်မှာ အလွန်ဆိုးရွားသည့် အခြေအနေတွင်ရှိနေကြောင်း စည်ပင်သာယာရေး ကော်မတီ အတွင်း ရေးမှူးဖြစ်သူ ကိုင်ကျီက ဇွန်လ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ကပ်ရောဂါထိန်းကာကွယ်ရေးနှင့်ထိန်းချုပ်ရေးသည် မြို့တော်၏ အဓိက ဉီးစားပေးနှင့် အရေးပေါ်ကိစ္စဖြစ်ကြောင်း အမျိုးသား ကျန်းမာရေး ကော်မရှင် တာဝန်ရှိသူများနှင့် ဆွေးနွေးပွဲပြုလုပ်စဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဟင်းသီးဟင်းရွက်ဈေးများ၊ ထမင်းစားခန်းများနှင့် အစိုးရယန္တရားပိုင်နေရာများဖြစ်သည့် စားသောက်ဆိုင်များတွင် ဗိုင်းရပ်စ်ကာကွယ်တားဆီးရေးနှင့် နေရာဒေသများတွင် ပိုးမွှားများ ကင်းရှင်းစေရန်အတွက် စစ်ဆေးရန် ပေကျင်း မြို့တော်တွင် အမိန့်ထုတ်ပြန်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရှင်းဖာဒီဈေးသို့ ရောက်ရှိလာခဲ့သူများနှင့် မြို့တော်အနှံ့အပြားရှိ ဈေးဝယ်ဆိုင်ခန်း ပိုင်ရှင်များအားလုံးကို ဒီအင်န် အေစစ်ဆေးခြင်းက အရေးပါကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေ မြင့်မားသူများအား မြို့တော်မှ ထွက်ခွာခြင်းကို တားမြစ်မည်ဖြစ်ပြီး ကူးစက်မှုများ ဖြစ်ပွားခဲ့ပါက မြို့ကြီးများသို့ အကြောင်းကြားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါဒေသတွင် နေထိုင်သူများ၏ နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းရန်နှင့် ဈေးနှုန်း တည်ငြိမ်စေရန် ဈေး ကွက် အထောက်အပံ့များ အာမခံပေးမည်ဟု ၎င်းက ပြောကြားခဲ့သည်။

စီးပွားရေးအမြတ်ထုတ်သည့် စီးပွားရေးလုပ်ငန်းရှင်များ ကိုလည်း ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပေကျင်းမြို့တော်တွင် ယနေ့ ဗိုင်းရပ်စ်ကူးစက်မှုသစ် ၂၇မှု တိုးလာခဲ့ပြီး တစ်ပတ်အတွင်း ရောဂါကူးစက်သူ ၁၀၀ အထိရောက်ရှိသွားပြီ ဖြစ်သည်။

–ကိုးကား-
စီဂျီတီအမ်
Ref; Beijing in ‘critical situation’ with over 100 cluster virus infections


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။