Trending Now

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကိုဗစ်ပိုးတွေ့ရှိမှုကြောင့် တရုတ်အစိုးရမှ ယာယီ ဖြတ်သန်းခွင့်ပိတ်

Spread the love

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကိုဗစ်ပိုးတွေ့ရှိမှုကြောင့် တရုတ်အစိုးရမှ ယာယီ ဖြတ်သန်းခွင့်ပိတ်

EPN
ဗန်းမော်၊မတ် ၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း မြန်မာ-တရုတ်နယ်စပ် လွယ်ဂျယ်နယ်စပ်ကုန်ရေးဂိတ်တွင် တရုတ်ပြည်သို့တင်ပို့မည့် ကုန်ပစ္စည်းများအပြင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့တွင် ကိုဗစ်- ၁၉ ရောဂါပိုးစစ်ဆေး တွေ့ရှိခဲ့သောကြောင့် နယ်စပ်ကုန်သွယ်ရေးဂိတ်အား တရုတ်အစိုးရဘက်မှ သုံးရက်ခန့် ပိတ်ထားမည်ဖြစ်‌ကြောင်း သိရသည်။

မြန်မာဘက်မှ ဖြတ်သန်းမည့် ကားတစ်စီး၏ သီးနှံကုန်စည်းများနှင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့တွင် ကိုဗစ်ပိုးတွေ့ရှိမှုကြောင့် လွယ်ဂျယ်ဂိတ်စခန်းအား မတ်လ၁ရက်နေ့မှသုံးရပ်နေ့အထိ ပိတ်သွားမည်ဖြစ်ကြောင်း ဗန်း‌မော်ခရိုင်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်း မှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“မတ်လ ၁ရက်နေ့က စပြီး တရုတ်အစိုးရဘက်က ပိတ်လိုက်တာပါ ငှက်ပျောကားမှ မဟုတ်ဖူး အဝင်အထွက် ကားအားလုံးကိုပေါ့။တရုတ်အစိုးရဘက်က ကိုဗစ်ဆေးစစ်‌တော့ ပိုးတွေ့ရှိမှုတွေ ရှိလို့ တရုတ်အစိုးရဘက်က သုံးရက်လောက်ပိတ်သွားမှာလို့ပြောတယ် သုံးရက်ထပ်လည်းကျော်ရင်ကျော်မယ် ထင်တယ် “ဟု ၎င်းကပြောသည်။

ကုန်ပစ္စည်းများတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည့်အတွက် ငှက်ပျောကားများကို ဖေဖော်ရီ ၂၇ရက်နေ့မ ှစတင်ပိတ်ခဲ့ပြီး အခြားကုန်စည်ကားများကိုတော့ ယမန်နေ့က စတင်ကာ ပိတ်လိုက်ခြင်းဖြစ်ကြောင်း ဗန်းမော်ခရိုင်သီးနှံစိုက်ပျိုထုတ်လုပ်သူများအသင်း တာဝန်ရှိသူက ထည့်သွင်းပြောဆိုသည်။

“ငှက်ပျောကားတွေကိုတော့ ၂၇ရက်နေ့ကစပြီးပိတ်လိုက်တယ် အခြားကုန်စည်းကားတွေကို မနေ့ကအတည်ပြုပိတ်လိုက်တယ် ကုန်ပစ္စည်းတွေမှာရောကားဆရာ‌တွေမှာ‌ရော ကိုဗစ်ပိုးတွေ့‌တော့ တရုတ်ဘက်က ပိတ်လိုက်တာ ပိုးတွေ့သူတွေကိုတော့ ဗန်းမော်ခရိုင်အတွင်းက နီးစပ်ရာ ကွာရန်တင်းစင်တာ တွေမှာ ၁၅ရက်ထားမယ် သက်ဆိုင်အဖွဲ့အစည်းတွေရဲ့ ရန်ပုံငွေနဲ့အဆင်ပြေအောင်လုပ်ပေးထားတယ် “ဟု ၎င်းကပြောသည်။

လွယ်ဂျယ်နယ်စပ်ဂိတ်မှ တရုတ်ပြည်သို့ ဗန်းမော်ခရိုင်ထွက် ကြံ၊ပြောင်း ဆန်၊ငှက်ပျောတို့တင်ပို့လျက်ရှိပြီး လတ်တလော နယ်စပ်ဂိတ် ပိတ်ထားမှုကြောင့် ဗန်မော်ကျောက်စခန်းတွင်သီးနှံကုန်စည်ကားပေါင်း ၂၀၀ခန့် ပိတ်မိနေပြီး သုံးရက်ထက်ကျော်လွန်ပါက ကုန်စည်သီးနှံများ ဆုံးရှုံးမှုရှိလာနိုင်ကြောင်း သိရသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်အား ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်အစိုးရဘက်မှ ၂၀၂၁ ခုနှစ်ဇူလိုင်လမှ နိုဝင်ဘာလအထိ ငါးလကျော်ကြာပိတ်ထားခဲ့ပြီး ဒီဇင်ဘာလ ဒုတိယအပတ်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။