Trending Now

ကိုဗစ်-၁၉ ရောဂါကြောင့် ဘရာဇီးနှင့် မက္ကဆီကိုတွင် လူသေဆုံးမှုများ စံချိန်တင် ဖြစ်ပေါ်

Spread the love

ကိုဗစ်-၁၉ ရောဂါကြောင့် ဘရာဇီးနှင့် မက္ကဆီကိုတွင် လူသေဆုံးမှုများ စံချိန်တင် ဖြစ်ပေါ်

EPN
နိုင်ငံတကာ၊ ဇွန် ၄

အသွားအလာကန့်သတ်မှုများ၊ ညမထွက်ရအမိန့်များဖြင့် အရှိန်ရနေသော ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကို ထိန်းချုပ်ရန်ကြိုးပမ်းနေလင့်ကစား ဘရာဇီးနှင့် မက္ကဆီကိုနိုင်ငံတွင် အဆိုပါဗိုင်းရပ်စ်ကြောင့် နေ့စဉ် လူသေ ဆုံးမှုမှာ စံချိန်တင် မြင့်တက်လာခဲ့ကြောင်း သိရသည်။

ဥရောပတိုင်းပြည်အချို့က လအတန်ကြာ ပိတ်ဆို့ကန့်သတ်ထားမှုကို နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ် ၍ ရုန်းထနေပြီဖြစ်သော်လည်း တောင်အမေရိကတိုက်နှင့် ဗဟိုအမေရိကတိုက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ ဖြစ်ပွားရာ ဗဟိုချက်မဖြစ်လာခဲ့ပြီး အဆိုပါဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ ၄ သိန်းနီးပါး ရှိလာခဲ့ပြီဖြစ် သည်။

ပထမဆုံးအကြိမ်အဖြစ် ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၁၀၀၀ ကျော် သေဆုံးခဲ့ကြောင်း မက္ကဆီကိုနိုင်ငံက ကြေညာခဲ့သလို ဘရာဇီးနိုင်ငံတွင် ယမန်နေ့က အဆိုပါဗိုင်းရပ်စ်ကြောင့် နေ့အလိုက် သေဆုံသူအရေအတွက်မှာ ၁၃၄၉ ဦးအထိ မြင့်တက်လာခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကြောင့် သတင်းထောက် ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပီရူးသတင်းသမား သမဂ္ဂက ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံကလည်း ကမ္ဘာလုံးဆိုင်ရာ ကုသဆေးမဟာမိတ်အဖွဲ့ဖြစ်သည့် ဂါဗီအတွက် ရန်ပုံငွေကောက် ခံရန် ဘီဂိတ်ကဲ့သို့သော ကမ္ဘာ့နိုင်ငံ ၅၀ ကျော်မှာ ကမ္ဘာကျော်သူဌေးများ ပါဝင်မည့် အစည်းအဝေးတစ်ရပ်ကို လက်ခံကျင်းပတော့မည်ဖြစ်သည်။

–ကိုးကား–
အာတီအီး
Ref; Brazil and Mexico report record virus deaths in one day


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။