Trending Now

ထိုင်းနိုင်ငံနယ်စပ်တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် ကလေးငယ်များအပါဝင် မြန်မာအလုပ်သမား ၂၆ ဦး အဖမ်းခံရ

Spread the love

ထိုင်းနိုင်ငံနယ်စပ်တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် ကလေးငယ်များအပါဝင် မြန်မာအလုပ်သမား ၂၆ ဦး အဖမ်းခံရ

EPN
မြစ်ကြီးနား၊ ဇွန် ၁

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်နယ်စပ်တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာအလုပ်သမား ၂၆ ဦးအား ပရာတူမြို့ ရဲစခန်း၊ အုပ်ချုပ်ရေးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါအလုပ်သမားများနှင့် ကလေးငယ်များသည် ထိုင်းနိုင်ငံ ပါထုန်ဌာနီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ရန်အတွက် သွားရောက်စဉ်အတွင်း ယမန်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဖမ်းခံရသူများမှာ လမ်းပြကားသမား ၂ ဦး၊ မြန်မာ အမျိုးသား ၁၅ ဦး နှင့် အမျိုးသမီး ၁၁ ဦးတို့အပြင် ကလေးငယ်များလည်းပါဝင်ကြောင်း သိရသည်။

မယ်ဟောင်ဆောင်ခရိုင်နယ်စပ်တလျှောက်တွင် မှောင်ခိုလုပ်ငန်းများကို တာဆီးရန်အတွက် တာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖမ်းဆီးရမိထားသည့် တရားမဝင်အလုပ်သမားများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် ပြီးလျင် နေရပ်ပြန်ပို့မည်ဖြစ်ကြောင်း ထိုင်းမီဒီယာများက ဖော်ပြထားသည်။

လှဆောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။