Trending Now

ကချင်ပြည်နယ် အတွင်းရှိ တရားရေးမဏ္ဍိုင်ပြောင်းလဲမှုနှင့် ပတ်သက်သည့် အစီရင်ခံစာများ လွှတ်တော်သို့ တင်သွင်းရန် အစီစဉ်ရှိမရှိ မေးမြန်း

Spread the love

ကချင်ပြည်နယ် အတွင်းရှိ တရားရေးမဏ္ဍိုင်ပြောင်းလဲမှုနှင့် ပတ်သက်သည့် အစီရင်ခံစာများ လွှတ်တော်သို့ တင်သွင်းရန် အစီစဉ်ရှိမရှိ မေးမြန်း
EPN
မြစ်ကြီးနား၊ ဇွန် ၆
ကချင်ပြည်နယ် အတွင်းရှိ တရားရေးမဏ္ဍိုင်ပြောင်းလဲမှုများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာများကို  ပြည်နယ်လွှတ်တော်သို့ တင်သွင်းရန် ရှိ၊ မရှိနှင့် ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ဦးဇော်ဝင်းက ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)တွင်  မေးမြန်းခဲ့သည်။
ယင်းသို့ မေးမြန်းရခြင်းမှာ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့အကြား အပြန်အလှန် ထိန်းကျောင်းမှု ပိုမိုအားကောင်းစေရန်နှင့် ပြောင်းလဲလာသည့် တရားရေးမဏ္ဍိုင်ကို ပြည်သူများသိရှိစေဖို့အတွက်ရည်ရွယ်ပြီး မေးမြန်းရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“လက်ရှိအစိုးရ သုံးနှစ်တက်လာပြီးနောက်ပိုင်းမှာ change ဆိုပြီး ပြောင်းလဲနေတယ်လို့ပြောပါတယ် ကျွန်တော်တို့အစိုးရအဖွဲ့ လွှတ်တော်ပိုင်းဆိုင်ရာမှာ ပြည်သူတွေအတွက် ပြောင်းလဲလာတယ်လို့ ပြောပေမဲ့လည်း တရားရေးမှာ ဘယ်လိုပြောင်းလဲနေတယ် မပြောင်းလဲဘူးဆိုတာ သိရအောင် ပြည်သူတွေကိုယ်စား ရည်ရွယ်ပြီးမေးမြန်းရတာဖြစ်တယ်”ဟု ၎င်းက ပြောသည်။
ယင်းသို့မေးမြန်းမှုနှင့် ပတ်သက်၍  ပြည်နယ်ဥပဒေချုပ် ဦးဒီဆင်ရမ်က ၂၀၁၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၂၆၆(စ)အရ တိုင်းဒေသကြီး (သို့) ပြည်နယ်ဥပဒေချုပ်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့) ပြည်နယ်ဝန်ကြီးချုပ်မှတဆင့် နိုင်ငံတော်သမ္မတအား တာဝန်ခံရသည့်အတွက် ဥပဒေရေးရာနှင့် စပ်လျဉ်းပြီး ထူးခြားသည့် အခြေအနေများရှိပါက ပြည်နယ်လွှတ်တော်သို့ အစီရင်ခံ တင်ပြသွားမှာဖြစ်ကြောင်း ၎င်းက  ပြန်လည်ဖြေကြားခဲ့သည်။
ဒါ့အပြင့် ပြည်ထောင်စုရှေ့နေချုပ် ဥပဒေပုဒ်မ ၂၆(ခ) တိုင်းဒေသကြီး(သို့) ပြည်နယ်ဥပဒေချုပ်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့)ပြည်နယ်လွှတ်တော် အစည်းအဝေးတွင်  ဥပဒေရေးရာနှင့် စပ်လျဉ်း၍  ထူးခြားသော အခြေနေများကို အခါအားလျော်စွာ တင်ပြရမည်ဖြစ်သည်။
ယင်းအပြင် ပုဒ်မ ၂၆(ဂ)အရ  သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့) ပြည်နယ်ဝန်ကြီးချုပ်ကဖြစ်စေ၊  ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဖြစ်စေ ဥပဒေအကြံဥာဏ် တောင်းခံပါက၊ ဥပဒေ အကြံဥာဏ်ပေး ခြင်း ဥပဒေရေးရာနှင့် စပ်လျဉ်း၍ ထူးခြားသော အခြေနေရှိလာပါက ပြည်နယ်လွှတ်တော် အစည်းဝေးတွင် အစီခံတင်ပြရမည် ဖြစ်ကြောင်း သိရသည်။
သွယ်သွယ်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။