Trending Now

မုံရွာမြို့၌ အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခံရ

Spread the love

မုံရွာမြို့၌ အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခံရ

EPN
မုံရွာ၊ အောက်တိုဘာ ၁၈ (၂၀၂၃)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြေးမုံကျေးရွာမှ အမျိုးသားတစ်ဦး အောက်တိုဘာ ၁၇ ရက် ညနေ ၄ နာရီကျော်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်သတ်ခံရသူသည် အသက် ၃၀ ကျော် အရွယ် ကိုနေမျိုးအောင်ဖြစ်ပြီး ကျေးရွာဘုန်းကြီးကျောင်းကို စက်ဘီးစီးသွားချိန် လမ်းပေါ်၌ သေနတ်သမားများ၏ ပစ်သတ်မှုကို ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ ညနေပိုင်းက ဘုန်းတော်ကြီး ကျောင်းကို သွားတဲ့အချိန် ပစ်သတ်ခံရတာ။ နားထင်နဲ့ ဦးခေါင်းကို သေနတ်နဲ့ တေ့ပစ်သွား
တာ တစ်ခါတည်း ပွဲချင်းပြီး ဆုံးသွားတယ်။ ဘာလို့သတ်လည်း မသိဘူး။”ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ သေနတ်ဖြင့် ပစ်သတ်မှု ဖြစ်စဉ် ဖြစ်ပွားသည့်နေရာအနီး ၌ တပ်နှင့် PDF များ တိုက်ပွဲဖြစ်ပွားနေကြောင်း ပစ်ခတ်သံများ အဆက်မပြတ်ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း မုံရွာမြို့နယ်တွင်
သေနတ်ဖြင့် ပစ်သတ်ခံရ၍ တာဝန်ရှိ ဝန်ထမ်း နှစ်ဦးအပါအဝင်
၆ ဦး သတ်ဖြတ်ခံခဲ့ရသေးကြောင်း သိရသည်။

အလင်း
ဓါတ်ပုံ – CJ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။