Trending Now

လူနေအိမ်အတွင်းသိုဝှက်ထားသော ဘိန်းဖြူမှုန့်များ ဖမ်းဆီးရမိ

Spread the love

လူနေအိမ်အတွင်းသိုဝှက်ထားသော ဘိန်းဖြူမှုန့်များ ဖမ်းဆီးရမိ

 

EPN
ရွှေကူ၊ မေ ၁၈

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ငါးဘတ်ကြီးကျေးရွာ လူနေအိမ်အတွင်းမှ ဘိန်းဖြုမှုန့်များ ဖမ်းဆီးရမိ ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးရဲ တပ်ဖွဲ့၊တပ်ဖွဲ့ စု(၁) (ဗန်းမော်) ထံမှသိရသည်။

ယနေ့ မေ ၁၈ ရက် နေ့နံနက၆ နာရီ ခွဲ အချိန် က မူးယစ်ဆေးဝါး သတင်းအရ ရွှေကူမြို့ နယ် ငါးဘတ်ကြီးကျေးရွာ သာပို(ခ)သံခဲ ၏ နေအိမ်ကို မူးယစ်ဆေးဝါး ဖမ်းဆီးခွင့်ဝရမ်ဖြင့် ဝင်ရောက်ရှာဖွေ ခဲ့ကြရာ အိမ်ရှင်၏ ခန္ဓာကိုယ်နှင့် နေအိမ်အတွင်းသို့ ဝင်ရောက် ရှာဖွေ ခဲ့ကြရာ သာပို အိပ်ခန်း အိပ်ယာဘေးနံရံပျဉ် တန်းပေါ်မှအဖုံးပါ ဖန်ပုလင်း ငယ်အတွင်း ထည့်လျှက် ဘိန်းဖြူ ဟုယူဆရသော ဖြူဝါကြားမှုန့် ၀ ဒသမ ၁ ဂရမ် ခန့်အားလည်းကောင်း၊ နေအိမ် ခြံဝင်းခေါင်းရင်းရှိ နွားချေးပုံ အနီးမှ
အကြည်ရောင်ပလပ်စတစ်အိပ်အတွင်း၌ အဖုံးပါ ကော်ဗူး ဖြင့် ထည့်လျှက် ဘိန်းဖြူ ဟုယူဆရသော ဖြူဝါကြားမှုန့် ၁၀ ဂရမ် ခန့်၊စုစုပေါင်းအလေးချိန် ၁၀ ဒသမ ၁ ဂရမ် ၊တို့အား ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ် သက်၍ ရဲအုပ် ဇော်ဦး က တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ ရွှေကူမြို့မ ရဲစခန်းက မူး/စိတ် ပုဒ်မအရ အမှု ဖွင့်၍ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသူ သာပို (ခ)သံခဲ ၃၇ နှစ်၊ ငါးဘတ်ကြီးကျေးရွာ နေသူကို ဖမ်းဆီးပြီး စစ်ဆေးအရေးယူဆောင် ရွက်လျှက်ရှိကြောင်း ကနဦးသတင်း ရရှိသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။