Trending Now

ဘင်္ဂလားဒေ့ရှ် မြို့တော် ဒါကာမှာ အိမ်ပေါင်း ၁၀၀ ကျော်မီးလောင်ဆုံးရှုံး

Spread the love

ဘင်္ဂလားဒေ့ရှ် မြို့တော် ဒါကာမှာ အိမ်ပေါင်း ၁၀၀ ကျော်မီးလောင်ဆုံးရှုံး

EPN
နိုင်ငံတကာ၊ မတ် ၁၄

ဘင်္ဂလားဒေ့ရှ် မြို့တော် ဒါကာရှိ အကြီးဆုံး ဆင်းရဲသားရပ်ကွက်တစ်ခုမှာ မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အိမ်ခြေပေါင်း ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

မီးလောင်မှုဟာ တနင်္လာနေ့ ဒေသစံတော်ချိန် ည ၇ နာရီ ၅၀ ခန့်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ည ၁၀ နာရီခန့်မှာ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဌာချုပ်တာဝန်မှူး ရာဆိုက်ဘင်္ဂလီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ဒါကာမြို့တော် တီဂျီကာ စက်မှုဇုန်မှာရှိတဲ့ ကူနီပါရာ ရပ်ကွက်ဟာ ဆင်းရဲသား အများအပြား နေထိုင်ရာ ရပ်ကွက်တစ်ခုဖြစ်ပါတယ်။

မီးလောင်ရတဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရသေးသလို အသေအပျောက်ရှိမရှိကိုလည်း မသိရသေးဘူးလို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။

ရထားလမ်းနဲ့ ရေလမ်းတစ်လျှေက်မှာရှိတဲ့ တဲတွေမှာ လူထောင်ပေါင်းများစွာ ပြည့်ကျပ်နေတဲ့ ဒါကာ ဆင်းရဲသားရပ်ကွက်တွေမှာ မီးလောင်ကျွမ်းမှုအဖြစ်များလေ့ရှိတယ်လို့ ဆိုပါတယ်။

Ref; xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။