Trending Now

အမေရိကန်စစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင်ဟောင်းတည်ထောင်ထားတဲ့လုံခြုံရေးကုမ္ပဏီ မြန်မာနိုင်ငံမှာလုပ်ငန်းများလုပ်ကိုင်နေ

Spread the love

အမေရိကန်စစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင်ဟောင်းတည်ထောင်ထားတဲ့လုံခြုံရေးကုမ္ပဏီ မြန်မာနိုင်ငံမှာလုပ်ငန်းများလုပ်ကိုင်နေ

EPN
နိုင်ငံတကာ၊ မတ် ၂၂

အမေရိကန်စစ်ပြန်ဟောင်းတည်ထောင်ထားတဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုဟာ မြန်မာနိုင်ငံရှိ နိုင်ငံတကာရင်းနှီးမြှပ်နှံသူတွေကိုလုံခြုံရေးအကာကွယ်ပေးနိုင်ဖို့  မြန်မာ နိုင်ငံမှာလုံခြုံရေးဆိုင်ရာလုပ်ငန်းတွေ လုပ်ကိုင်လျက်ရှိနေကြောင်း  ဗြိတိန်အခြေစိုက် သတင်းတွေကဆိုပါတယ်။

ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီမှာ အမေရိကန် Navy SEAL တပ်ဖွဲ့ဝင်ဟောင်း အီရစ်ပရင့် က  ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သလို ဒုတိယ ဥက္ကဌဖြစ်ကြောင်းသိရပါတယ်။ 

လုံခြုံရေးကုမ္ပဏီမှာပါဝင်တဲ့ ဝန်ထမ်းတွေ ဟာ  အီရတ်နဲ့ အာဖန်ဂန်နစ္စတန်  နိုင်ငံမှာ အမေရိကန်စစ်ပွဲဆင်နွဲချိန်အတွင်း  ပါဝင်ခဲ့ဖူးသူတွေဖြစ်တယ်လို့ သိရပါတယ်။  Frontier Services Group ကုမ္ပဏီက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မြန်မာနိုင်ငံမှာလုံခြုံရေးဆိုင်ရာလုပ်ငန်းများ စတင်လုပ်ဆောင်နေကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံရှိ နိုင်ငံတကာ ရင်းနှီးမြှပ်နှံသူတွေကို  နိုင်ငံတကာ အဆင့်တန်းအတိုင်း လုံခြုံရေးဝန်ဆောင်မှုတွေပေးနိုင်ဖို့ လုံခြုံရေးကုမ္ပဏီ ပူးတွဲတည်ထောင်မှာဖြစ်ပြီး လုပ်ငန်းလိုင်စင်ရရှိထားကြောင်း  ကုမ္ပဏီ ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

အဆိုပါ လုံခြုံရေးကုမ္ပဏီ နဲ့ ပူးတွဲလုပ်ကိုင်နေသူ၊  ပူးတွဲအလုပ်လုပ်မယ့်နေရာတွေကို အသေးစိတ်ပြောဆိုတာမရှိခဲ့ကြောင်း၊  ကုမ္ပဏီအနေနဲ့ ပြီးခဲ့တဲ့ နှစ် ဇွန်လတည်းက  မြန်မာနိုင်ငံမှာ လုံခြုံရေးဆိုင်ရာလုပ်ငန်းတွေ စတင်လုပ်ကိုင်ခဲ့ကြောင်းသိပါတယ်။

———————————————–


EPN






Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။