Trending Now

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးခြောက်သုံးစွဲမှုကြောင့် ၁ ဦးသေဆုံး

Spread the love

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးခြောက်သုံးစွဲမှုကြောင့် ၁ ဦးသေဆုံး

EPN
နိုင်ငံတကာ၊ ဇွန် ၁၄

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးခြောက်သုံးစွဲမှုကြောင့် အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး နောက်ထပ် ၃ ဦးလည်း ဆေးရုံတင်ထားရကြောင်း ထိုင်ဒေသတွင်း သတင်းဌာနများတွင် ယနေ့ ဖော်ပြထားသည်။

သေဆုံးသူမှာ အသက် ၅၁ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ဆေးခြောက်သုံးစွဲပြီးနောက် နှလုံးခုန်ရပ်ကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဘန်ကောက် မြို့အုပ်ချုပ်ရေးမှု မစ္စတာ ချတ်ချတ် က ပြောသည်။

ကျန်းမာရေးဌာန၏ ကိန်းဂဏန်းတွေအရ လက်ရှိဆေးရုံတွင် ကုသမှုခံယူနေ့သည့် ကျန်လူနာ ၃ ဦးမှာ အသက် ၁၇ နှစ် နှင့် ၂၅ နှစ်ကြား အမျိုးသားများ ဖြစ်ကြောင်း သိရသည်။

လစ်ဘရယ်ဆေးခြောက်ပြဿနာသည် စိုးရိမ်စရာဖြစ်လာသည့်အတွက် စာကျောင်းများကို ဆေးခြောက်ကင်းစင်နယ်မြေအဖြစ် သတ်မှတ်ပေးရန် ဘန်ကောက် မြို့အုပ်ချုပ်ရေးမှု မစ္စတာ ချတ်ချတ် က တောင်းဆိုထားသည်။

ဇွန်လ ၉ ရက် နောက်ပိုင်းတွင် ဆေးခြောက်အမြောက်အမြားသုံးစွဲမှုကြောင့် ဆေးရုံတက်ရသည့် လူနာများ များပြားလာသည့်အတွက် ဆေးဘက်ဆိုင်ရာကိစ္စရပ်များကို ပြင်ဆင်ပြီး ဆေးခြောက်အကြောင်း ပညာပေးရန်လည်း ၎င်းက ပြောဆိုခဲ့သည်။

Source – khaosod

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။