Trending Now

ဝိုင်းမော်မြို့နယ် ဝါးရှောင်အပန်းဖြေစခန်းသို့ သွားရောက်လည်ပတ်သူ လူငယ်များအား KIA/PDF မှ (၅၀)ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်မှုပြုလုပ်

Spread the love

ဝိုင်းမော်မြို့နယ် ဝါးရှောင်အပန်းဖြေစခန်းသို့ သွားရောက်လည်ပတ်သူ လူငယ်များအား KIA/PDF မှ (၅၀)ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်မှုပြုလုပ်

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ် ဝါးရှောင်အပန်းဖြေစခန်းသို့ သွားရောက်လည်ပတ်သူ လူငယ်များအား KIA/PDF မှ လူငယ် (၅၀)ဦး ထက်မနည်း ဖမ်းဆီးခေါ်ဆောင်မှုသွားကြောင်း ဒေသခံများထံမှ သိရသည်။

ချစ်သူများနေ့ဟု အများခေါ်ဆိုသော ယနေ့ ဖေဖော်ဝါရီ (၁၄)ရက်နေ့တွင် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ပေါ်ရှိ လူငယ်လူရွယ်များ ဝါးရှောင်အပန်းဖြေစခန်းသို့ အသွားတွင် လမ်းခုလပ် တစ်နေရာတွင် စောင့်ဆိုင်းဖမ်းဆီးခံလိုက်ရကြောင်း ခိုင်လုံသည့်သတင်းအရင်းမြစ် တစ်ဦးက ပြောသည်။

“ဒီနေ့ နေ့လယ် (၂) နာရီကျော်လောက်မှာ ပင်လယ်ကွေ့ စားသောက်ဆိုင်မှာ စားသောက်နေတဲ့ လူငယ်တွေကို KIAလက်နက်ကိုင်အဖွဲ့က ယူနီဖောင်းတွေနဲ့ ဝင်ဖမ်းသွားတယ် ခြောက်ယောက်လောက်ပါသွားတယ် အဲ့ထဲမှာ ရှမ်းကလေးတွေ ပိုများတယ်”ဟု ၎င်းက ပြောသည်။

ယင်းသို့ လုပ်ဆောင်ခြင်းသည် နွေဦးတော်လှန်ရေးတွင် ပါဝင်ခြင်း မရှိသည့် လူငယ်များကို ဖမ်းဆီးကာ လူသစ်စုဆောင်းခြင်းသာ ဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံ လူငယ်တစ်ဦးက ပြောဆိုထားသည်။

“ကျနော်တို့ လူငယ်တွေကို အကျပ်ကိုင်ဖို့ သူတို့ စောင့်နေတာကြာပြီ အခုလို လူငယ်တွေရဲ့ စိတ်ထွက်ပေါက်ကို အသုံးချပြီး ဒီလို လက်နက်ပြ ဖမ်းဆီးတာတွေ လုပ်တာတော့ မကောင်းဘူး လက်မခံဘူး သူတို့ကိုလည်း မကြိုက်သလို စစ်တပ်ကိုလည်း မကြိုက်ဘူး ဒါကြောင့် ဘယ်ဘက်မှ မပါဘူး ကိုယ့်ဟာကို အေးဆေးလုပ်ကိုင်စားသောက်တယ် နိုင်ငံရေးကို ဝင်ကိုမပါတာ“ ဟု အမည်မဖော်လိုသူ လူငယ်တစ်ဦးက ပြောသည်။

KIA/PDF ပူးပေါင်းအဖွဲ့မှ ယနေ့ မနက်ပိုင်းအချိန်တွင် နန့်ဝါကျေးရွာနှင့် ဟိုတုံ ကျေးရွာသွားလမ်းတို့တွင် သေနတ်ကိုင်ဆောင်ကာ ဝါးရှောင်သို့ သွားလာလည်ပတ်သူ လူငယ်များကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖမ်းဆီးခဲ့ပြီး ယင်းလူငယ်လူရွယ် အမျိုးသမီးငယ်များ အပါအဝင် (၅၀)ဦးခန့်ကို ခေါ်ဆောင် KIA တပ်ရင်း(၃) နန့်ရင်းချောင်းဖျားအတိုင်း ခေါ်ဆောင်သွားနေကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တို့တွင် အများသူငှာ အပန်းဖြေ စခန်းများဖြစ်ကြသည့် ဝါးရှောင်၊ မြစ်ဆုံ၊ အောင်မြင်သာ၊ ရေပြာအိုင်၊ ကချင်ချောင်းသာ စသည့် နေရာတို့အား ရုံးပိတ်ရက်အလုပ်နားရပ်တို့သွား အစုအဖွဲ့များနှင့် သွားလာလေ့ရှိကြသော်လည်း နိုင်ငံရေး အခြေအနေများကြောင့် အဆိုပါ နေရာများသို့ သွားလာမှု အလွန်နည်းပါးခဲ့ကြောင်း စျေးဆိုင်များထံမှ သိရသည်။

ပိုင်ကြီး
ဓါတ်ပုံ – ပုံဟောင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။