Trending Now

ဝိုင်းမော်မြို့နယ် စင်ကြိုင် စစ်ရှောင်စခန်း အတွင်း မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များ ပြန်လည်တည်ဆောက်ရန် အကူညီများ လိုအပ်

Spread the love

ဝိုင်းမော်မြို့နယ် စင်ကြိုင် စစ်ရှောင်စခန်း အတွင်း မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များ ပြန်လည်တည်ဆောက်ရန် အကူညီများ လိုအပ်

EPN
ဝိုင်းမော်၊ မေ ၁၆

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ စင်ကြိုင်ကျေးရွာ စစ်ရှောင်စခန်းတွင် မေ ၁၅ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် အလုံး (၃၀) ကျော် ပျက်စီး ဆုံးရှုံး သွားသည့်အတွက် ပြန်လည် တည်ဆောက်ရန် အကူညီလိုအပ်နေကြောင်း စစ်ရှောင်စခန်း တာဝန်ခံထံမှ သိရသည်။

ယမန်နေ့ည ၁၂ နာရီအချိန်အတွင်း စင်ကြိုင်ကျေးရွာ စစ်ရှောင်စခန်းတွင် မိုးသက်လေပြင်း တိုက်ခတ်ခဲ့သည့် အတွက် စစ်ရှောင် ပြည်သူများ၏ နေအိမ်များ ပျက်စီးခြင်း၊ အိမ်မွေးတရိစ္ဆာန်များ သေဆုံးခြင်း၊ ပျောက်ရှမှုများ ဖြစ်ပွားခဲ့ပြီး ၎င်းတို့၏ နေအိမ်များ ပြန်လည်တည်ဆောက်ရန် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း စင်ကြိုင် စစ်ရှောင်စခန်း တာဝန်ခံက ပြောသည်။

” မနေ့ည ၁၂နာရီကျော်လောက္မှာ မုန်တိုင်းဝင်ရောက် တိုက်ခတ်ခဲ့တယ် ။ ကျွန်တော်တို့ စင်ကြိုင် ကျေးရွာ တဝိုက္မှာ ဖြစ်သွားတာပေါ့။ ည ၁၂နာရီကျော်ကနေ မနက် ၆နာရီအထိ လေပြင်း မုန်တိုင်း ပုံစံဖြစ်ခဲ့တယ်။ အဲ့လို ဖြစ်တော့ ရွာကအိမ်တွေလည်း ပျက်စီးတာတွေရှိတယ်။ ပြီးတော့ စင်ကြိုင်စစ်ရှောင် မှာတော့ တော်တော်များများ အိမ်ပြိုတာတွေ၊ သွပ်မိုးတွေ မရှိတာတွေများတယ်။ အိမ်မွေးတိရိစ္ဆာန်တွေ သေတယ်။ ပျောက်ကုန်တာတွေ အများကြီးပဲ။ အခုဆို အိမ်တွေပြန်‌ေဆာက်ပေးဖို့ အရေးပေါ် အကူညီလိုအပ်နေတယ် ” ဟု ၎င်းကရှင်းပြသည်။

အဆိုပါ မုန်တိုင်း တိုက်ခတ်မှုကြောင့် စင်ကြိုင်ကျေးရွာ နှင့် စင်ကြိုင် စစ်ရှောင် စခန်းတို့တွင် လူနေအိမ်များ ပျက်စီးခြင်း၊ တိရိစ္ဆာန်များ သေကြေခြင်းတို့အပြင် ကလေးသူငယ်နှင့် သက်ကြီးရွယ် များလည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စင်ကြိုင် စစ်ရှောင်စခန်းတွင် နေထိုင်ကြသည့် ပြည်သူများ အနေဖြင့် လက်ရှိအချိန်တွင် နေအိမ်များ ပျက်စီးဆုံးရှုံးမှု ရှိနေသည့် အတွက် လူနေအိမ်များ ပြန်လည် တည်ဆောက်ပေးရန် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများ မှ အမြန်ဆုံး ကူညီဆောင်ရွက် ပေးစေလိုကြောင်း စင်ကြိုင် စစ်ရှောင်စခန်းနေ ပြည်သူများ လိုလားနေကြသည်။

စင်ကြိုင် စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၂၀၀ ကျော်နှင့် လူဦးရေ တစ်ထောင်ကျော် နေထိုင်လျက်ရှိပြီး ၎င်းတို့သည် ၂၀၁၂ ခုနှစ်ပိုင်းကစပြီး တပ်မတော်နှင့် KIA လက်နက်ကိုင် အဖွဲ့အစည်းတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆဒုံး၊ ဘွမ်တောင်၊ ကဇူး စသည့် ကျေးရွာ အသီးသီးမှ နေရပ်စွန့်ခွာ လာကြပြီး စင်ကြိုင်ကျေးရွာ စစ်ရှောင်စခန်း တွင် (၁၁)နှစ်ကျော် နေထိုင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။