Trending Now

ပါတီခေါင်းဆောင်အများအပြား ဖမ်းဆီးခံလိုက်ရပြီးနောက် နိုင်ငံတစ်ဝန်း ဆန္ဒပြကြဖို ဘင်္ဂလားဒေ့ရှ်အမျိုးသား ပါတီ လှုံ့ဆော်

Spread the love

ပါတီခေါင်းဆောင်အများအပြား ဖမ်းဆီးခံလိုက်ရပြီးနောက် နိုင်ငံတစ်ဝန်း ဆန္ဒပြကြဖို ဘင်္ဂလားဒေ့ရှ်အမျိုးသား ပါတီ လှုံ့ဆော်

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြိုတော်ရဲ့ နာယာပယ်လ်တန်နယ်မြေမှာ ဒီဇင်ဘာလ ၇ ရက်နေ့က တက်ကြွလှုပ်ရှားသူ တွေနဲ့ ရဲတပ်ဖွဲဝင်တွေကြား ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ပွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ BNP ရဲ့ ခေါင်း ဆောင်အများအပြား ဖမ်းဆီးခံရပြီးနောက် နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများကျင်းပဖို ဒီဇင်ဘာလ ၈ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ BNP က ကြေညာလိုက်ပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့က ပါတီအရေးပေါ်အစည်းအဝေးကျင်းပပြီးနောက်မှာ အခုဆုံးဖြတ်ချက်ထွက်ပေါ်လာခဲ့ တာဖြစ်ပါတယ်။ အဲဒီအရေးပေါ်အစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီရဲ့ ခေတ္တဥက္ကဋ္ဌ တားရစ်ရာမန် က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။

တာကာငွေ ၄.၈ ခရို အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုထားတဲ့ ၂၀၀၇ ခုနှစ်က အဂတိလိုက်စားမှုစွဲချက်နဲ့ တရားလွှတ်တော်တရားရုံးချုပ်က တားရစ်ရာမန် ကို တရားခံပြေးအဖြစ် ကြေညာထားပါတယ်။ တားရစ်ရာမန်နဲ့ ဇနီးဖြစ်သူ ဇူဘိုင်ဒါရာမန်တိုဟာ ၂၀၀၈ ခုနှစ်က တည်းက လန်ဒန်မှာနေထိုင်နေကြတာလိုဆိုပါတယ်။

ဒါကာမြိုတော် နာယာပယ်လ်တန်နယ်မြေမှာရှိတဲ့ BNP ဌာနချုပ်ရှေ့မှာ ဒီဇင်ဘာလ ၇ ရက်နေ့က ရဲတပ်ဖွဲဝင် တွေနဲ့ BNP တက်ကြွလှုပ်ရှားသူတွေ ထိပ်တိုက်တွေ့ဆုံခဲ့ပြီးနောက် သေနတ်ဒဏ်ရာကြောင့် လူတစ်ဦးသေဆုံးခဲ့ ပါတယ်။ ဒီအဖြစ်အပျက်ဟာ BNP က စီစဉ်ထားတဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ လူထုစုရုံးမှုမတိုင်ခင် နိုင်ငံရေး တင်းမာမှုတွေဖြစ်ပေါ်နေတဲ့ကြားက ဖြစ်ခဲ့တာဖြစ်ပါတယ်။

အဲဒီနေ့က သုံးနာရီကျော်ကြာ ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ပွားခဲ့ပြီးနောက် ဒါကာဆေး ကောလိပ်ဆေးရုံကို ည ၈ နာရီမတိုင်ခင်အထိ လူ ၂၀ ဦးထက်မနည်း သယ်ဆောင်သွားကြတယ်လို သိရပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် BNP ပါတီဝင် ၂ ဦး သေဆုံးခဲ့ပြီး လူ ၁၀၀ ထက်မနည်း အဖမ်းခံခဲ့ရကြောင်း အဲဒီညနေပိုင်း မှာ ပါတီဌာနချုပ်ရှေ့မှာ သတင်းထောက်တွေကို BNP ပါတီရဲ့ အထွေထွေအတွင်းရေးမှူး မာဇာဖာကယ်လ် အစ္စလာမ်အလာဂါက ပြောပါတယ်။

BNP ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်ဖြစ်သူက သတင်းထောက်တွေကို စကားပြောနေတဲ့အချိန်မှာ ရဲတပ်ဖွဲဝင် တွေက နာယာပယ်လ်တန် BNP ရုံးပတ်ပတ်လည်ကို ပိတ်ဆိုထားပါတယ်။ အဖမ်းခံရတဲ့သူတွေထဲမှာ BNP ထိပ် ပိုင်းခေါင်းဆောင်တွေလည်းပါဝင်ပါတယ်။

Ref: BNP to hold countrywide protest movement today condemning Nayapaltan clash, arrest of its leaders

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။