Trending Now

တနိုင်းမြို့နယ်အတွင်းရှိ ဒေသခံများအတွက် စိုက်ပျိုးမြေများ ဖေါ်ထုတ်ပေး

Spread the love

တနိုင်းမြို့နယ်အတွင်းရှိ ဒေသခံများအတွက် စိုက်ပျိုးမြေများ ဖေါ်ထုတ်ပေး

 

EPN
တနိုင်း၊ ဇူလိုင် ၇

တနိုင်းမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူလူထုအတွက် ကချင်ပြည်နယ်အစိုးရ၏၂၀၁၉-၂၀၂၀ ဘတ်ဂျက်မှ မြေလွတ်မြေရိုင်းများကို ဖောက်လုပ်ပေးသည့် စိုက်ပျိုးမြေဧကများကို ယနေ့ ဇူလိုင်လ ၇ ရက်နေ့က ပြည်သူများထံ အညီအမျှ ခွဲဝေအပ်နှင်းခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။

တနိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ရှင်လုံဂါးနှင့် ပန္နက်ရွာ နှစ်ရွာပေါင်းအတွက် စိုက်ပျိုးမြေ ဧက ၂၀၀၊ ခလုံးကျေးရွာအတွက် ဧက ၁၀၀၊ တဆိပ်ကျေးရွာအတွက် ဧက၅၀ ဒိုက်ဖား ကျေးရွာအတွက် ဧက ၅၀ တို့ကို လွဲပြောင်းအပ်နှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရအနေဖြင့် လယ်မဲ့ယာမဲ့တောင်သူများအတွက် မြေလွတ်မြေရိုင်းများကို ဖေါ်ထုတ်ပေးခဲ့ခြင်းဖြစ် ပြီး ဖေါ်ထုတ်ပြီးစီးခဲ့သည့်အတွက် တောင်သူများထံ အညီအမျှခွဲဝေပေးခဲ့ကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။