Trending Now

မြစ်ကြီးနား လူထုအခြေပြု ဗဟိုဌာနတွင် သင်တန်းဖွင့်လှစ်ရာ၌ အသုံးပြုသည့် စက်ပစ္စည်းအချို့ လိုအပ်မှုရှိနေ

Spread the love

မြစ်ကြီးနား လူထုအခြေပြု ဗဟိုဌာနတွင် သင်တန်းဖွင့်လှစ်ရာ၌ အသုံးပြုသည့် စက်ပစ္စည်းအချို့ လိုအပ်မှုရှိနေ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၈ (၂၀၂၄)

မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ မြစ်ကြီးနားလူထုအခြေပြု ဗဟိုဌာန (Community centre) တွင် သင်တန်းဖွင့်လှစ်ရာ၌ စက်ပစွည်းအချို့ လိုအပ်မှုရှိနေကြောင်း သိရသည်။

မြစ်ကြီးနားလူထုအခြေပြုလဗဟိုဌာန ( Community centre)တွင် သင်တန်းပေါင်း (၁၀)မျိုးနီးပါးကို ပြည်သူများအကျိုးအတွက် ရည်စူးပြီး အခမဲ့ဖွင့်လှစ်ပေးနေကြောင်း၊ ယင်းကဲ့သို့ ဖွင့်လှစ်ပေးရာတွင် အချို့ သင်တန်းများအတွက် စက်ပိုင်းပစ္စည်းများ လိုအပ်မှုရှိနေသေးကြောင်း မြစ်ကြီးနားလူထုအခြေပြု ဗဟို ဌာန (Community centre)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” မြစ်ကြီးနားလူထုအခြေပြု ဗဟိုဌာနအနေနဲ့ နှစ်စဉ်၊ နှစ်တိုင်း ပြည်သူတွေအကျိုး ဖြစ်ထွန်းရေးအတွက် ဖွင့်နေကျသင်တန်းတွေကတော့ (၁၀)မျိုးလောက်ရှိ တယ်။ အဲ့လို ဖွင့်လှစ်တဲ့အခါ ခက်ခဲမှုရှိတာက စက်ပစ္စည်းပိုင်းမှာ လိုအပ်ချက်တွေရှိနေသေးတယ်။ စက်ပစ္စည်းတွေ မလောက်တော့ သင်တန်းသားတွေကိုလည်း ကန့်သတ်ချက်တွေနဲ့ သင်ရတာပေါ့။ စက်ပစ္စည်းတွေ လုံလုံလောက်လောက်ရှိရင်တော့ ဒီထက်ပိုပြီး သင်ကြားမှု ဖြစ်မြောက်မှာပေါ့။ အခုက သူများဆီကငှားပြီး သင်ပေးနေရတာဆိုတော့ အဆင်မပြေတာတွေ ရှိနေသေးတယ် ” ဟု ၎င်းကဆို သည်။

မြစ်ကြီးနားလူထုအခြေပြု ဗဟိုဌာနမှ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်ပြီး သင်တန်းများကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးနေ သည့်အတွက် အဆိုပါ သင်တန်းအတွက်လိုအပ်သည့် အသုံးမလိုပဲ မိမိအိမ်တွင် ပိုနေသော စက်ချုပ်စက်များ၊ ကွန်ပြူတာများကို (၀၉ -၂၆၆၅၉၄၉၅၆ ၊၀၉ – ၄၅၄၂၈၁၄၁၆) သို့ ဆက်သွယ်လှူဒါန်းပေးနိုင်‌ကြောင်း သိရသည်။

မြစ်ကြီးနားလူထုအခြေပြု ဗဟိုဌာနမှ ပြီးခဲ့သည့်နှစ် (၂၀၂၃) တစ်နှစ်တာလုံးတွင် သင်တန်းသူ၊ သင်တန်းသား ငါးရာကျော်ကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။