Trending Now

တောင်ကိုရီးယားမှာ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်လို့ တောင်ပိုင်းကမ်းရိုးတန်းမြို့တွေ ထိခိုက်ပျက်စီး

Spread the love

တောင်ကိုရီးယားမှာ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်လို့ တောင်ပိုင်းကမ်းရိုးတန်းမြို့တွေ ထိခိုက်ပျက်စီး

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၆

ယခုနှစ်အတွက် အပြင်းထန်ဆုံး ဆိုင်ကလုန်းမုန်တိုင်းဖြစ်တဲ့ တိုင်ဖွန်း ဟီနမ်နောဟာ တောင်ကိုရီးယားနိုင်ငံကို ဒီနေ့ မနက်စောပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့လို့ နိုင်ငံရဲ့ တောင်ပိုင်းကမ်းရိုးတန်းမှာရှိတဲ့ မြို့တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မုန်တိုင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ မြေပြိုမှုတွေနဲ့ ရေကြီးမှုတွေကြောင့် တာဝန်ရှိသူတွေက မုန်တိုင်းမတိုင်မီ လူပေါင်း ၃,၅၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ မုန်တိုင်းဟာ နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်း တစ်လျှောက် တိုက်ခတ်ခဲ့ပြီး ဂျယ်ဂျူး ကျွန်းပေါ်ကို တစ်နာရီ ၅၂ ကီလိုမီတာနှုန်းနဲ့ ဖြတ်သန်း တိုက်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဘူဆန် မြို့အပါအဝင် တောင်ပိုင်း ဒေသတစ်လျှောက်မှာ မိုးသည်းထန်မှု၊ လေပြင်း တိုက်ခတ်မှုတွေကြောင့် အဆောက်အဦ နဲ့ လမ်းတွေ ပျက်စီးခဲ့တဲ့အပြင် ရေလျှံမှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု စတဲ့သဘာဝ ဘေးအန္တရာယ်တွေကို ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
မုန်တိုင်းကြောင့် လက်ရှိအချိန်အထိ လူအသေအပျောက်မရှိသေးပေမယ့် အူးလ်ဆန်းမြို့မှာရှိတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး ပျောက်ဆုံးနေတယ်လို့ အဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။

တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်မလာမီ တောင်ကိုရီးယားသမ္မတ ယွန်းက အရေးပေါ်တုံ့ပြန်ရေး အစည်းအဝေးတွေကို မနေ့က ကျင်ပပြုလုပ်ခဲ့ပြီး ရထားတွေရပ်ဆိုင်းတာ၊ လေယာဉ်ခရီးစဉ် ရာနဲ့ချီဖျက်သိမ်းတာ၊ ကျောင်း ပိတ်တာတွေကို အရေးပေါ်ပြုလုပ်ခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကလည်း သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအစည်းအဝေးကို နှစ်ရက်ကြာကျင်းပပြုလုပ်ခဲ့ပြီး မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ မုန်တိုင်း ဟာ အရှေ့မြောက်ဘက်ကို ဆက်လက် ဦးတည်ရွေ့လျား နေပြီး ဂျပန် နိုင်ငံ ဆာပိုရို ဒေသအနောက်မြောက်ဘက် ဝန်းကျင်ကို ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

— ကိုးကား —
BBC
ref; In pictures: Typhoon Hinnamnor wreaks devastation along South Korea coast

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။