Trending Now

မိုးမောက်မြို့နယ်အတွင်း တပ်မတော် နှင့် KIA တပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်လာမှုကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာသူများပြားလာ

Spread the love

မိုးမောက်မြို့နယ်အတွင်း တပ်မတော် နှင့် KIA တပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်လာမှုကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာသူများပြားလာ

EPN
မြစ်ကြီးနား ၊ အောက်တိုဘာ ၂၆

ကချင်ပြည်နယ် မိုးမောက်မြို့နယ်၌ ယခုရက်ပိုင်းအတွင်း တပ်မ‌တော် နှင့် KIA ကြား တိုက်ပွဲပြင်းထန်မှုရှိနေသည့်အတွက် ဒေသခံပြည်သူများ နေရပ်စွန့်ခွာကာ တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့်အလှမ်းဝေးသည့် မံပုန်ကျေးရွာသို့ ရွေ့ပြောင်းတိမ်းရှောင်နေကြကြောင်း သိရသည်။

တပ်မတော်နှင့် KIAလက်နက်ကိုင်အဖွဲ့တို့သည် အောက်တိုဘာ ၂၂ရက်နေ့က စပြီး တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး လုံဂျာဘွမ်ရွာနှင့်နောင်ပေါင်းရွာတို့မှ ဒေသခံပြည်သူ တစ်ရာကျော် နေရပ်စွန့်ခွာတိန်ရှောင်နေရကြောင်း ဒေသခံတစ်ဦးကပြောသည်။

“တိုက်ပွဲဖြစ်နေတာက လုံဂျာတောင်အနီးတဝိုက်မှာ ဖြစ်နေတာ လက်နက်ကြီးတွေနဲ့ ထုနေကြတယ် အဲ့တောင်အနီးနားက ရွာနှစ်ရွာ ကပြည်သူတွေ မိုးမောက်မြို့နယ်ထဲက မံပုန်ကျေးရွာဘက် ကဘုန်းကြီးကျောင်းတွေ မြို့ပေါ်က စစ်ရှောင်နေရာတွေကို တိမ်းရှောင်နေကြတယ် “ဟု ၎င်းကပြောပြသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၄)ရက်နေ့ နံနက် ၁၀နာရီဝန်းကျင်ခန့်ကလည်းမိုးမောက်မြို့နယ် နောင်ပေါင်းကျေးရွာ(NLD )ရုံးအနီးနှင့် ကြာအိုင်ရွာအနီးရှိ သင်္ချိုင်ကုန်းအတွင်းသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့သည့် ဖြစ်စဉ်များဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင်း အနီးအနားကျေးရွာများဖြစ်သည့် နောင်ပေါင်း၊ လုံဂျာ၊ ကျောက်စခန်းကျေးရွာမှ ပြည်သူများ အနေဖြင့် တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်သည့်အတွက် မိုးမောက်မြို့ပေါ်သို့ အိမ်ထောင်စု (၄၀)ကျော် ပြောင်းရွေ့လာနေကြောင်းသိရသည်။

တပ်မတော်နှင့် KIAလက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလာမူကြောင့် လက်ရှိအချိန်တွင် မိုးမောက်မြို့နယ်အတွင်းက ဘုန်းတော်ကြီးကျောင်းများနှင့် စစ်ရှောင်စခန်းတို့တွင် တိမ်းရှောင်နေသည့် လူဦးရေ (၂၀၀)နီးပါး ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပိုင်ကြီး
May be an image of cloud and nature

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။