Trending Now

ရခိုင်ပြည်နယ်ရှိ သဇင်မြိုင်ရဲကင်းစခန်းအား AA မှ ၀င်ရောက်တိုက်ခိုက်၊ ရဲတပ်ဖွဲ့၀င် ၁၀ ဦးနှင့် မိသားစု၀င် ၃ ဦး ပျောက်ဆုံး

Spread the love

ရခိုင်ပြည်နယ်ရှိ သဇင်မြိုင်ရဲကင်းစခန်းအား AA မှ ၀င်ရောက်တိုက်ခိုက်၊ ရဲတပ်ဖွဲ့၀င် ၁၀ ဦးနှင့် မိသားစု၀င် ၃ ဦး ပျောက်ဆုံး

EPN
ရန်ကုန်၊ မေ ၂၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်အစပ်ရှိ သဇင်မြိုင်ရဲကင်းစခန်းအား ရခိုင်တပ်မ တော် AA မှ ၀င်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့၀င် ၁၀ ဦးနှင့် မိသားစု၀င် ၃ ဦးပျောက်ဆုံးလျက်ရှိကြောင်း တပ်မတော်မှ ထုတ်ပြန်ထားသည်။

အဆိုပါ ရခိုင်တပ်မတော် AA မှ အဖွဲ့၀င် ၁၀၀ ခန့်ဖြင့် ရသေ့တောင်မြို့နယ်၊ သဇင်မြိုင် ရဲကင်းစခန်းရှိ ပင်မ စခန်းနေရာအား အနောက်မြောက်ဘက်မှနေ၍ ယနေ့နံနက် ၂ နာရီကျော်ခန့်တွင် ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး၊ နံနက် ၅ နာရီခန့်တွင် အင်အားမမျှ၍ ပင်မစခန်းမှ ရဲတပ်ဖွဲ့၀င်တချို့ ကာကင်းကုန်စခန်းသို့ သွားရောက် ပူး ပေါင်းခဲ့သည်။

ရဲတပ်ဖွဲ့၀င်တချို့မှာ ပျောက်ဆုံးလျက်ရှိပြီး အဆိုပါရဲကင်းစခန်းနေရာသို့ ရဲတပ်ဖွဲ့နှင့် တပ်မတော်စစ်ကြောင်း များမှ စစ်ကူပေးနိုင်ရန် သွားရောက်ပူးပေါင်းလျက်ရှိကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ဖော်ပြချက်တွင် ပါရှိသည်။

သဇင်မြိုင်ရဲစခန်းအား ၀င်ရောက်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး လတ်တလောတွင် AA ဘက်မှ သတင်းထုတ်ပြန် ခြင်းမရှိပေ။

Photo – PM


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။