Trending Now

ခြံဝင်းတံခါးဖောက်ဝင်ပြီး ဆိုင်ကယ်နှစ်စီးခိုးယူမူ မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်တွင် ဖြစ်ပွား

Spread the love

ခြံဝင်းတံခါးဖောက်ဝင်ပြီး ဆိုင်ကယ်နှစ်စီးခိုးယူမူ မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်တွင် ဖြစ်ပွား

EPN
မြစ်ကြီးနား၊ ဖေဖဝါရီ ၃

မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်တွင် ခြံဝင်းတံခါးဖောက်ဝင်ပြီး ဆိုင်ကယ်နှစ်စီး ခိုးယူသွားသည့်ဘဖြစ်စဉ်တစ်ခု ယနေ့ နံနက်ပိုင်း ၄ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ဆိုင်ကယ်ခိုးခံရသည့် မိသားစုထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၄ နာရီအချိန်တွင် အိမ်ရှင်ဖြစ်သူမှာ မနက်ဈေးရောင်းရန်သွားခဲ့ချိန် ခြံတံခါးကို သော့ခတ်ထားသော်လည်း ဈေးမှပြန်ရောက်လာချိန်မှာ ခြံတံခါးများ ပွင့်လျှက်ရှိပြီး ခြံဝင်းထဲထိုးထားသည့် 125 ဆိုင်ကယ်တစ်စီးနှင့် ကလစ်ဘီးတစ်စီး ခိုးယူသွားကြောင်း ခိုးခံရသည့် အိမ်ရှင်ထံမှ သိရသည်။

“ဒီမနက် ၄ နာရီခွဲလောက်မှာ ခိုးသွားတာ၊ အမေက မနက်တိုင်း ဈေးခင်းသွားတာဟုတ်တယ်၊ ဒီမနက်လည်း အမေဈေးသွားတဲ့ချိန်က ရှိသေးတယ်ပြောတယ်၊ အမေသွားတိုင်းလည်း ခြံတံခါးကိုအမြဲသော့ခပ်ထားပေးတယ်၊ ဒီမနက်လည်း သော့ခတ်ထားတာကို ဖောက်ဝင်လာပြီး ခြံဝင်းထဲက ဆိုင်ကယ်နှစ်စီးလုံး ပါသွားတယ်၊ အိမ်ကလူတွေက အိပ်နေကြတုန်း ဘာမှမသိလိုက်ဘူး အမေဈေးကနေပြန်လာတော့ ခြံတံခါးတွေက ပွင့်နေပြီ ဆိုင်ကယ်လည်းနှစ်စီးလုံး မရှိတော့ဘူး၊ ဘယ်သူဘယ်ဝါဆိုတာတော့ မမြင်လိုက်ရဘူး ဒါပေမဲ့ ခိုးတဲ့သူတွေကတော့ ဓါတ်သိတဲ့ သူတွေပဲဖြစ်နိုင်တယ် ဘာလို့လဲဆို အမေဈေးသွားတဲ့ အချိန်ကိုသူတို့က စောင့်ပြီးခိုးသွားတာ၊ အခုဆိုဆိုင်ကယ်မရှိတော့ တော်တော်စိတ်ပျက်နေရတယ် တစ်စီးပဲခိုးသွားရင်တောင် အိမ်မှာ စီးဖို့တစ်စီးက ရှိနေအုံးမှာ အခုကနှစ်စီးလုံးဆိုတော့ ခြေတောက်အဖြတ်ခံရသလိုပဲ ဘယ်မှ သွားလို့မရတော့ဘူး”ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ အစောပိုင်းတွင်လည်း မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ ခြံစည်းကို ဖြတ်ကာ ခြံဝင်းအတွင်း ထိုးထားသည့် ဆိုင်ကယ်တစ်စီး ခိုးယူခံရကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။