Trending Now

ကချင်ပြည်နယ်အတွင်း နေရာကွက်ကြားမိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်

Spread the love

ကချင်ပြည်နယ်အတွင်း နေရာကွက်ကြားမိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်

EPN
မြစ်ကြီးနား၊ ဇွန် ၁၃

ကချင်ပြည်နယ်အတွင်းရှိ ဒေသများတွင် နေရာကွက်ကြား မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ေပါ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေသဦးစီးဌာနမှ သိရသည်။

ကချင်ပြည်နယ် အထက်ပိုင်းဒေသများဖြစ်သော ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ ပန်နန်းဒသ်း၊ ခေါင်လံဖူး စသည့်ဒေသများတွင် တိမ်များထူထပ်နေကာ မိုးများရွာသွန်းလျှက်ရှိပြီး၊ အခြားဒေသများတွင်လည်း မိုးများရွာသွန်းနေဆဲဖြစ်သည့်အတွက် ရေကြီးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

မြစ်ကြီးနား ဧရာဝတီမြစ်ရေမှာ ပြန်လည်ကျဆင်းခြင်း မရှိသေးပဲ နောက် ၃၆ နာရီအတွင်း ပြန်လည်မြင့်တက်လာနိုင်ကြောင်းလည်း မိုးဇလမှ ထုတ်ပြန်ထားသည်။

ဧရာဝတီမြစ်ရိုးတစ်လျှောက် မြစ်ကမ်းအနီး မြေနှိမ့်ဒေသများနှင့် မြေနုကျွန်းများတွင် စိုက်ပျိုးလုပ်ကိုင် နေထိုင်ကြသော တောင်သူများနှင့် မိဘပြည်သူများအားလုံး ကြိုတင်ပြင်ဆင်ထားရှိနိုင်ရန် လိုအပ်ကြောင်းလည်း အသိပေး ထုတ်ပြန်ထားသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။