Trending Now

စတုတ္ထအကြိမ် NCA-S EAO ထိပ်သီးခေါင်းဆောင်များ ညီလာခံ (ဒုတိယပိုင်း) ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပ

Spread the love

စတုတ္ထအကြိမ် NCA-S EAO ထိပ်သီးခေါင်းဆောင်များ ညီလာခံ (ဒုတိယပိုင်း) ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပ

EPN
ရန်ကုန်၊ မတ် ၂၉

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ စတုတ္ထအကြိမ် ထိပ်သီးခေါင်းဆောင်များညီလာခံ (ဒုတိယပိုင်း) ကို ထိုင်း နိုင်ငံ၊ ချင်းမိုင်မြို့တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့မှ စတင်ပြီး ကျင်းပလျက်ရှိကြောင်း သိရသည်။

ညီလာခံဖွင့်ပွဲအခမ်းအနားဦးဆောင်သဘာပတိများအဖြစ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ဟံသာတို့က ဆောင်ရွက်ခဲ့ ကြပြီး ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ဗိုလ်ချုပ်ကြီး ယွက်စစ်တို့က ညီလာခံဖွင့်ပွဲအခမ်းအနား အဖွင့်အမှာ စကားများအား အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် အထူးဖိတ်ကြားထားသူများအဖြစ်သည့် ကနေဒါနိုင်ငံသံအမတ်ကြီး Mr. Francois Lafreniere၊ ဖင်လန်နိုင်ငံသံအမတ်ကြီး Mr. Pekka Shemeikka၊ နော်ဝေနိုင်ငံသံအမတ်ကြီး Ms. Hilde SolSolbakke၊ ဩစတြေးလျနိုင်ငံမှ သံတမန်ဖြစ်သူ Mr. Bryan Bong၊ အီတလီနိုင်ငံမှ Deputy Head of Mission ဖြစ်သူ Mr. Andrea Ferrara၊ ဆွစ်ဇာလန်နိုင်ငံမှ လူသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Thomas Meier Nidecker နှင့် USAID မှ ယာယီဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Pamela Fessenden တို့က တက်ရောက်ခဲ့ကြောင်း သိရ သည်။

စတုတ္ထအကြိမ် NCA-S EAO ထိပ်သီးခေါင်းဆောင်များညီလာခံဖွင့်ပွဲအခမ်းအနားသို့ ညီလာခံဖွင့်ပွဲဦးဆောင် သဘာပတိများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့၏ ဦးဆောင်မှုအလုပ်အဖွဲ့ အဖွဲ့ဝင်များ၊ PPST ၏ အကြံပေးပုဂ္ဂိုလ်၊ NCA-S EAO မှ ခေါင်း ဆောင်ကိုယ်စားလှယ်များ၊ NCA-S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ၏ ဦးဆောင်မှု မြှင့်တင်ရေးအစီအစဉ် (WLPP) မှ ညှိနှိုင်းရေးမှူး၊ နိုင်ငံတကာသံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် လေ့လာသူများ စုံစုံညီညီတက်ရောက်ခဲ့ကြကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။