Trending Now

ဦးဇခုန်ယိန်းဆောင် မိသားစုမှ လာချိဒ်မူကြိုကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်း

Spread the love

ဦးဇခုန်ယိန်းဆောင် မိသားစုမှ လာချိဒ်မူကြိုကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်း

EPN
ဝိုင်းမော်၊ မတ် ၂၇ (၂၀၂၄)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအတွင်းရှိ လာချိဒ် စာပေနှင့် ရိုးရာယဉ်ကျေးမှု မနောကွင်း၌ ဦးဇခုန်ယိန်းဆောင်မိသားစုမှ လာချိဒ်မူကြိုကျောင်းဆောင်သစ်အား ဆောက်လုပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ယမန်နေ့၊ နံနက်ပိုင်းအချိန်က ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအတွင်းရှိ လာချိဒ် စာ‌ပေနှင့် ရိုးရာယဉ်ကျေးမှု မနောကွင်း၌ ဦးဇခုန်ယိန်းဆောင် မိသားစုမှ လာချိဒ်မူကြိုကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် ပန္နက်ရိုက်မင်္ဂလာ အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးဇခုန်ယိန်းဆောင် မိသားစုမှ လာချိဒ် မူကြိုကျောင်းဆောင်သစ်အား ဆောက်လုပ်လှူဒါန်းပေးခြင်းအပေါ် လာချိဒ် တစ်မျိုးသားလုံးက ဝမ်းသာဂုဏ်ယူမိကြောင်း လာချိဒ် စာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

” ကျွန်တော်တို့ လာချိဒ်တစ်မျိုးသားလုံးကိုယ်စား ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျေး ဇူးလည်း အထူးတင်ရှိပါတယ်။ ဘာလို့လည်းဆိုတော့ ကိုယ့်သားသမီးတွေအတွက် မူကြိုကျောင်းကလည်း အဒီကကျတယ်။ ကလေးတွေကို ပြုစုစောင့်ရှောက်ပေးတဲ့ နေရာလည်း ဟုတ်တယ်။ လာချိဒ်ဘာသာစာပေအပြင် အင်္ဂလိပ်စာ၊ မြန်မာစာ အကုန်ထည့်သွင်း သင်ကြားပေးမှာ ဟုတ်တယ် ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ လာချိဒ် မူကြိုကျောင်းဆောင်သစ် ဆောက်လုပ်ရန် ယမန်နေ့ နံနက်ပိုင်းက ကျောင်းဆောင်အလှူရှင် ဦးဇခုန်ယိန်းဆောင်၊ လာချိဒ်စာပေနှင့် ယဉ်ကျေးမှု‌ ဗဟိုကော်မတီ၀င်များ၊ စာပေဆပ်ကော်မတီ၀င်များက ပန္နက်ရိုက်မင်္ဂလာ ပြုလုပ်ခဲ့သည်။

အဆိုပါ လာချိဒ် မူကြိုကျောင်းဆောင်သစ်အား အလှူရှင် ဦးဇခုန်ယိန်းဆောင် မိသားစုမှ လာချိဒ်စာပေရရှိသည့် နှစ် (၅၀)ပြည့် ရွှေရတု အထိမ်းအမှတ်ဖြင့် ဆောက်လုပ်လှူဒါန်းပေးရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လာချိဒ် မူကြိုကျောင်းဆောင်သစ်မှာ (၆၀ × ၅၅)ပေ တစ်ထပ်ကျောင်းဆောင်ဖြစ်ပြီး၊ ယင်းကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် စုစု‌ပါင်းတန်ဖိုးမှာ သိန်း (၂၃၀၀) ကုန်ကျမည်ဖြစ်ကာ ယင်းကျောင်းဆောင်သစ်အား လေးလအတွင်း အပြီးတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြတ်မင်း

 

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။