Trending Now

မျောက်ကျောက်ရောဂါကူးစက်မှု ၄၀၀၀ အထိရှိလာ

Spread the love

မျောက်ကျောက်ရောဂါကူးစက်မှု ၄၀၀၀ အထိရှိလာ

EPN
နိုင်ငံတကာ၊ ဇွန် ၂၇

အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးရေးစင်တာ ရဲ့ စာရင်းအရ ပြီးခဲ့တဲ့သောကြာနေ့အထိ နိုင်ငံနဲ့ဒေသပေါင်း ၄၇ခုမှာ မျောက်ကျောက်ရောဂါ ကူးစက်မှု ၄,၁၀၆ခုရှိကြောင်း တွေ့ရပါတယ်။

ဒါပေမယ့် လက်ရှိအချိန်အထိ မျောက်ကျောက်ရောဂါ ကူးစက်မှုကို စိုးရိမ်ရတဲ့ အရေးပေါ် အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအေနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ ကျွမ်းကျင်ပညာရှင်တွေနဲ့ ကြာသပတေးနေ့က အရေးပေါ် အစည်းအဝေးတစ်ရပ်ကျင်းပ ဆွေးနွေးခဲ့ကြပြီး အရေးပေါ်အခြေအနေအဖြစ် မသတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒါပေမယ့် နောက်ထပ် ကူးစက်ပြန့်ပွားမှုတွေ ဖြစ်နိုင်ခြေ ရှိတာကြောင့် ရောဂါကူးစက်မှုအခြေအနေကို အနီးကပ်စောင့်ကြည့်သင့်တယ်လို့ အဲဒီကော်မတီက အကြံပြုခဲ့ပါတယ်။

ကျွမ်းကျင်ပညာရှင်တွေက ရောဂါကူးစက်မှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပိုမိုရရှိလာတဲ့အခါ ဒီအကြံပြုချက်ကို ပြန်လည်စဉ်းစားဖို့ လိုအပ်မလားဆိုတာကို လာမယ့်သီတင်းပတ် အနည်းငယ် အတွင်း ပြန်လည်သုံးသပ်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ပိုလီယိုနဲ့ ကိုဗစ်ကူးစက်မှုတွေကိုတော့ ကမ္ဘာအဝှမ်း စိုးရိမ်ရတဲ့ အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စာရင်းသွင်း ထားပါတယ်။

Source – NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။