Trending Now

ဗန်းမော်မြို့တွင် ကုန်တင်ယာဉ်တစ်စီး နောက်ပြန်လိမ့်ကျ၍ ဆိုင်ကယ်အားဝင်တိုက်မိ အမျိုးသားတစ်ဦးပွဲချင်ပြီးသေဆုံး

Spread the love

ဗန်းမော်မြို့တွင် ကုန်တင်ယာဉ်တစ်စီး နောက်ပြန်လိမ့်ကျ၍ ဆိုင်ကယ်အားဝင်တိုက်မိ အမျိုးသားတစ်ဦးပွဲချင်ပြီးသေဆုံး

EPN
မြစ်ကြီးနား၊ မေ ၁၈

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ခွန်သာရပ်ကွက်ရှိ ကုန်းအတက်တွင် ကုန်တင်ကားတစ်စီးမတက်နိုင်ဘဲ နောက်ပြန်လိမ့်ဆင်းခဲ့ရာမှ အနောက်တွင် လိုက်ပါလာသည့် ဆိုင်ကယ်မောင်းအမျိုးသားတစ်ဦးကို တက်ကြိတ်မိပြီး ပွဲချင်းပြီးသေဆုံးသွားသည့်ဖြစ်စဉ်တစ်ခု ယမန်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဗန်မော်မြို့ ရိုးကြီးရပ်ကွက်နေ စကျော်မင်းထိုက် မောင်းနှင်လာသည့် (၁၂)ဘီးမော်တော်ယာဉ်သည် ခွန်သာရပ်ကွက် ကုန်းအတက်အရောက်၌ ရှေ့သို့မတက်နိုင်ဘဲ နောက်သို့ ပြန်လိမ့်ဆင်းလာစဉ် ကားနောက်တွင် ဆိုင်ကယ်မောင်းနှင် လိုက်ပါလာသည့် အသက် ၃၉ နှစ်အရွယ် ဦးဟိန်းမင်းလတ်ကို ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် ဗန်မော်မြို့ မင်းကျောင်းကုန်းရပ်ကွက်နေ ဦးဟိန်းမင်းလတ်သည် အခင်းဖြစ်ပွားရာနေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သေဆုံးသူ၏ ရုပ်အလောင်းအား ဗန်းမော်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး စကျော်မင်းထိုက် (၃၃)နှစ်အား ဗန်းမော်မြို့မရဲစခန်းက ယာဉ်(ပ)၁၇/၂၀၂၂ ပုဒ်မ ၃၀၄(က)ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။