Trending Now

မြစ်ကြီးနား ဧရာဝတီမြစ်ရေ ၂၄ နာရီအတွင်း ၄ပေ နီးပါးအထိ မြင့်တက်လာ

Spread the love

မြစ်ကြီးနား ဧရာဝတီမြစ်ရေ ၂၄ နာရီအတွင်း ၄ပေ နီးပါးအထိ မြင့်တက်လာ

EPN
မြစ်ကြီးနား၊ ဇွန် ၁၂

မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေမှာ ယမန်နေ့ နံနက် ၆ နာရီမှ ယနေ့ နံနက် ၆ နာရီအတွင်း ၄ပေ နီးပါးအထိ မြင့်တက် လာကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့်ဇလဗေသညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ် အထက်ပိုင်းဒေသများဖြစ်သော ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ ပန်နန်းဒသ်း၊ ခေါင်လံဖူး စသည့်ဒေသများတွင် မိုးများရွာသွန်းမူကြောင့် မြစ်ရေမြင့်တက် လာရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိအချိန်တွင် မေခမြစ်ရေမှာ ဆက်လက် မြင့်တက်နေဆဲဖြစ်ပြီး မလိခမြစ်ရေမှာ အနည်းငယ်ကျဆင်းနေ သည့်အတွက် မြစ်ကြီးနားမြစ်ရေမှာဖြည်းဖြည်းချင်း ဆက်လက်မြင့်တက်မည်ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနား ဧရာဝတီမြစ်ရိုးတစ်လျှောက် မြို့များအားလုံးတွင် စိုးရိမ်ေရအမှတ်ကို ရောက်ရှိနိုင်ရန် မရှိသေးသော် လည်း မြစ်ရေအမြင့် အလယ်အလတ်အဆင့် Mid-level ခန့်တွင်ရှိနေပြီး ဆက်လက်မြင့်တက်လာမည်ဖြစ် သည့်အတွက် မြစ်ရိုးတစ်လျှောက်တွင် နေထိုင်သူများ၊ စိုက်ခင်းလုပ်ဆောင်သူများ အနေဖြင့် ကြိုတင်ဂရုစိုက်ရန် လိုအပ်ကြောင်း သတိပေး ထုတ်ပြန်ထားသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။