Trending Now

၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ရေထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၆၂၄ သန်းကျော်ရရှိခဲ့

Spread the love

၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ရေထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၆၂၄ သန်းကျော်ရရှိခဲ့

EPN
မြစ်ကြီးနား၊ မတ် ၄

မြန်မာနိုင်ငံသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ယခုနှစ်ဖေဖော်ဝါရီအထိ ကုန်းလမ်းနှင့် လေကြောင်းများမှတဆင့် ရေထွက်ကုန် စုစုပေါင်း တန်ချိန် ၄၃၅၀၀၀ တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၆၂၄ ဒသမ ၄၇၃ သန်းကျော်ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရေထွက်ကုန်များကို ဂျပန်၊ အရှေ့အလယ်ပိုင်းနိုင်ငံများ၊ ဥရောပသမဂ္ဂနိုင်ငံများ၊ မလေးရှား၊ တရုတ်တိုင်ပေနှင့် သြစတြေးလျသို့ ပုံမှန်တင်ပို့လျက်ရှိကြောင်း သိရသည်။

သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအချို့ ရပ်ဆိုင်းထားခြင်းကြောင့် ယခုနှစ် ဝင်ငွေမှာ ယခင်နှစ် စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၇၆ ဒသမ ၅၂၈ သန်းထက် အမေရိကန်ဒေါ်လာ ၅၂ သန်း လျော့နည်းသွားကြောင်း သိရသည်။

ငါးလုပ်ငန်းဦးစီးဌာနနှင့် ပို့ကုန်လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံမှ ရေထွက်ကုန်များကို ဝယ်ယူသည့် နိုင်ငံအသီးသီး၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ပူးပေါင်းကာ ဈေးကွက်လိုအပ်ချက်နှင့်အညီ ပုံမှန်နှင့် စဉ်ဆက်မပြတ် တင်ပို့နိုင်စေရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။