Trending Now

ကောလင်းမြို့ ပြည်သူ့ဆေးရုံကြီးထဲ လက်နက်ကြီး ကျည်ဆံ ကျရောက်ပေါက်ကွဲလို့ လူတစ်ဦး ဒဏ်ရာရ

Spread the love

ကောလင်းမြို့ ပြည်သူ့ဆေးရုံကြီးထဲ လက်နက်ကြီး ကျည်ဆံ ကျရောက်ပေါက်ကွဲလို့ လူတစ်ဦး ဒဏ်ရာရ

EPN
ကောလင်း၊ ဧပြီ ၇

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ ကောလင်းပြည်သူ့ဆေးရုံကြီးထဲကို ဧပြီ ၆ ရက်၊ မနေ့ မနက်ပိုင်းက လက်နက်ကြီး ကျည့်ဆံကျရောက်ပေါက်ကွဲတဲ့အတွက် လူတစ်ဦး ဒဏ်ရာရှိခဲ့တယ်လို့ ကောလင်းမြို့ခံ ပြည်သူတွေဆီက သိရပါတယ်။

“မနေ့က မနက်ပိုင်း ၁၁ နာရီ ဝန်းကျင်မှာ ဖြစ်တာပါ ၊ ပေါက်ကွဲသံကြားရတော့ စာသင်းကျောင်းဘက်ကလို့ လူတွေထင်ကြတာ၊ စာသင်ကျောင်း မဟုတ်ဘဲ ဆေးရုံးဖြစ်နေတာ” လို့ ကောလင်း စျေးရုံဗိုလ်တဲရပ်နေ ဒေသခံ တစ်ယောက်က ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲတာနဲ့ ပတ်သက်ပြီး ကောလင်းမြို့ခံ ကျန်းမာရေး ဝန်ထမ်းတစ်ယောက်က ” ကုတင် ၅၀ ဆံ့ဆေးရုံးဝန်းထဲမှာဖြစ်တာပါ၊ ၈ ခန်းတွဲ ဝန်ထမ်းအိမ်ယာဘက် လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲလို့ ကျန်းမာရေး ဝန်ထမ်းတစ်ယောက် ထိမှန် ဒဏ်ရာရတာ ” လို့ ဆိုပါတယ်။

“ကျရောက်ပေါက်ကွဲတဲ့ ဗုံးသီးအမျိုးအစားက ၄၀ မမ ဗုံးပစ်လောင်ချာသီးဖြစ်တယ် ” လို့ ဆေးရုံဝန်ထမ်းတစ်ယောက်က အတည်ပြုပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကောလင်းမြို့ မြောက်အင်းရပ်ကွက် မြောင်အင်း အထက်တန်းကျောင်းမှာ စာမေးပွဲဖြေဆိုနေတဲ့အချိန်၊ ကျောင်းတန်းစီကွင်းထဲကို အခုလို လက်နက်ကြီး ကျည် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပါသေးတယ်။

ကောလင်းမြို့နယ်ဟာ စစ်ကိုင်းတိုင်းအတွင်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ မြို့နယ် ၃၀ ကျော်ထဲမှာ ပါဝင်နေတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။