Trending Now

မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာတွင် Covid-19 ကာကွယ်တိုက်ဖျက်ရေးအတွက် စုပေါင်းဆောင်ရွက်

Spread the love

မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာတွင် Covid-19 ကာကွယ်တိုက်ဖျက်ရေးအတွက် စုပေါင်းဆောင်ရွက် 

EPN
မော်ဟန်၊ မတ် ၂၆

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာတွင် မတ်လ (၂၆)ရက်နေ့ နံနက် (၆)နာရီအချိန်မှ (၉)နာရီ အချိန်ထိ Covid-19 ကာကွယ်တိုက်ဖျက်ရေးအတွက် ကျေးရွာအတွင်း စုပေါင်းလှည့်လည်၍ အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မော်ဟန်ကျေးရွာအုပ်စု မော်ဟန်စျေး အနီးပတ်ဝန်းကျင်နှင့် ရပ်ကွက်အုပ်စုများအတွင်းသို့ မော်ဟန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ မော်ဟန်နယ်မြေရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ကြပ်ကြီး ဇော်လင်းနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဒေါ်စန်းအေးနှင့်အဖွဲ့ဝင်များ၊ ကျေးရွာကြက်ခြေနီတပ်ဖွဲ့မှ တပ်ခွဲမှူး ဦးဟန်ထွေးနှင့်တပ်ဖွဲ့ဝင်များ၊ ဒေသအရန်မီးသတ်တပ်ဖွဲ့မှ တပ်ခွဲမှူး ဦးခင်မောင်ကျော်နှင့်အဖွဲ့ဝင်များ၊ ကျေးရွာဒေသခံမိဘပြည်သူများတို့ ပူးပေါင်း၍ စျေးရောင်းချနေသူများ၊ စျေးဝယ်လာသူများ၊ ခရီးသွားပြည်သူများအား COVID-19 ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များကို ဝေငှခြင်း၊ အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။