Trending Now

စက်တပ်ယာဉ်ကြောင့် ထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့ပါက အကျိုးခံစားခွင့်ကို ကျပ်သိန်း ၃၀ အထိ တိုး၍ ပြင်ဆင်ပေးလျော်သွားမည်

Spread the love

စက်တပ်ယာဉ်ကြောင့် ထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့ပါက အကျိုးခံစားခွင့်ကို ကျပ်သိန်း ၃၀ အထိ တိုး၍ ပြင်ဆင်ပေးလျော်သွားမည်

EPN

မြစ်ကြီးနား၊ ဧပြီ ၈

စက်တပ်ယာဉ်ကြောင့် ထိခိုက်သေဆုံးမှုများ ဖြစ်ပွားခဲ့ပါက နစ်နာသူပြည်သူများအတွက် အကျိုးခံစားခွင့်ကို ကျပ်သိန်း ၃၀ အထိ တိုး၍ ပြင်ဆင်ပေးလျော်ရန် ဆောင်ရွက်လျက်ရှိ ဟု ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

ယခင်က စက်တပ်ယာဉ်ကြောင့် သူတစ်ပါးသေဆုံးခြင်းဖြစ်ပွားခဲ့ပါက အများဆုံး ကျပ်ငွေ ၁၀ သိန်း၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါက အများဆုံး ၈ သိန်း ကျပ်အဖြစ် နနစ်နာကြေးအဖြစ် ပေးချေခဲ့ကြောင်း ဖော်ပြထားသည်။

အာဆီယံနိုင်ငံများက သူတစ်ပါးသေဆုံးခြင်းဖြစ်ပွားခဲ့ပါက ကျပ်ငွေ ၃၀ သိန်း၊ ပေးခြေလျက်ရှိသော နစ်နာကြေးများနှင့် နှိုင်းယှဉ်ကြည့်လျှင် မြန်မာနိုင်ငံ၏ နစ်နာကြေးပေးချေမှု နှုန်းထားမှာ လွန်စွာနည်းပါးနေကြောင်း တွေ့ရှိရသဖြင့် စက်တပ်ယာဉ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါက များဆုံး နစ်နာကြေး အဖြစ် ၂၈ သိန်း အဖြစ် တိုးမြင့် သတ်မှတ်ခဲ့ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် စက်တပ်ယာဉ်ထိခိုက်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာရရှိသူများအတွက် နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းမှ ပခုံးပြောင်း တာဝန်ယူပေးချေလျက်ရှိရာ စက်တပ်ယာဉ်ကြောင့် မတော်တဆထိခိုက်မိလျှင် နစ်နာကြေးကို အကျိုးခံစားခွင့် ရှိသူက မြန်မာ့အာမခံလုပ်ငန်းတွင် တောင်းခံနိုင်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ဝလုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။