Trending Now

မြစ်ကြီးနားတွင် သဲကျောက်တင်ကားမှ ဆိုင်ကယ်သမားအား ကြိတ်မိပြီး ဆိုင်ကယ်သမားသေဆုံး

Spread the love

မြစ်ကြီးနားတွင် သဲကျောက်တင်ကားမှ ဆိုင်ကယ်သမားအား ကြိတ်မိပြီး ဆိုင်ကယ်သမားသေဆုံး

EPN
မြစ်ကြီးနား၊ မေ ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အနောက်လယ်ကုန်းရပ်ကွက်တွင် သဲကျောက်တင်ကားမှ ဆိုင်ကယ်သမားကို ဝင်‌တိုက်မိပြီး ဆိုင်ကယ်သမားသေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ ညနေပိုင်း ၃ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီကရုဏာ အခမဲ့ လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ အနောက်လယ်ကုန်းရပ်ကွက် မြစေတီ ဘုန်းကြီးကျောင်းအနီးတွင် ဆိုင်ကယ်သမားကို သဲကျောက်တင်ကားမှ ဝင်ချိတ်မိကာ ဆိုင်ကယ်သမား၏ ဦးခေါင်းအား ဝင်ကြိတ်မိသဖြင့် ဆိုင်ကယ်သမားမှာ အခင်းဖြစ်ပွားနေရာတွင် သေဆုံးခဲ့ရကြောင်း ဧရာဝတီကရုဏာအခမဲ့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ကျွန်တော်တို့သွားတော့ ဆိုင်ကယ်သမားကသေနေတာသွားတွေ့တယ်။ ဘေးကလူတွေ ပြောတာတော့ သဲကျောက်တင်ကားက ဆိုင်ကယ်သမားကို ဝင်ချိတ်ပြီး ကြိတ်မိသွားတယ်လို့ပြောတယ်။ ကားသမားက ကျွန်တော်တို့သွားတော့ အဲ့နေရာမှာမတွေ့ဘူး။ မောင်းပြေးသွားတယ်လို့ပြောတယ်။ ကျွန်တော်တို့က ရုပ်အလောင်းကို ဆေးရုံပို့ပြီး ပြန်ခဲ့ကြတာ ” ဟု ယင်းကဆိုသည်။

သေဆုံးသူမှာ မြစ်ကြီးနားမြို့မှ မဟုတ်ပဲ သူငယ်ချင်းများနှင့် အတူနေထိုင်သူ ဖြစ်ကြောင်းသိရပြီး အသက်အရွယ်အားဖြင့် ၂၉ နှစ်ဝန်းကျင် ရှိနိုင်ကြောင်း၊နေရပ်လိပ်စာကို အတိကျမသိနိုင်သေးကြောင်း ယင်းက ထပ်မံပြောသည်။

အဆိုပါ ယာဉ်တိုက်မူဖြစ်ပွားခဲ့ချိန် သဲကျောက်တင်ကားမောင်းသော ကားသမားမှာ မောင်းပြေးသွားကြောင်း အနီးရှိ မျက်မြင်များထံမှ သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။