Trending Now

ယူကရိန်းမှာ ရုရှား အသုံးပြုခဲ့တဲ့ လက်နက်တွေမှာ အနောက်နိုင်ငံထုတ် အစိတ်အပိုင်းတွေ အများအပြားပါဝင်

Spread the love

ယူကရိန်းမှာ ရုရှား အသုံးပြုခဲ့တဲ့ လက်နက်တွေမှာ အနောက်နိုင်ငံထုတ် အစိတ်အပိုင်းတွေ အများအပြားပါဝင်

EPN
နိုင်ငံတကာ၊ သြဂုတ် ၁၃

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ ရုရှားရဲ့ လက်နက်တွေနဲ့ စစ်ရေးဆိုင်ရာစနစ်တွေမှာ အနောက်နိုင်ငံတွေက ထုတ်လုပ်တဲ့ အစိတ်အပိုင်းတွေ ရာနဲ့ချီတွေ့ရှိခဲ့တယ်လို့ ဗြိတိန် အကြံပေးအဖွဲ့တစ်ဖွဲ့က ပြောလိုက်ပါတယ်။

The Royal United Services Institute for Defence and Security Studies က ခရုဇ်ဒုံးကျည်တွေအပါအဝင် ရုရှားလက်နက် ၂၇ မျိုးရဲ့ အစိတ်အပိုင်းတွေ အကြောင်း အစီရင်ခံစာ တစ်ခုကို တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ယူကရိန်းမှာ တွေ့ရှိခဲ့တဲ့ ရုရှားလက်နက်တွေထဲမှာ အနောက်နိုင်ငံတွေက ထုတ်လုပ်တဲ့ လက်နက်အစိတ်အပိုင်း ၄၅၀ ကျော်ကို တွေ့ရှိခဲ့တယ်လို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီထဲက အများစုဖြစ်တဲ့ အစိတ်အပိုင်း ၃၁၈ ခုကို အမေရိကန်အခြေစိုက် ကုမ္ပဏီတွေက ထုတ်လုပ်ခဲ့တယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဂျပန်ကုမ္ပဏီတွေက ၃၄ ခု နဲ့ ထိုင်ဝမ်ကုမ္ပဏီတွေက အခု ၃၀ ဖြစ်ပါတယ်။

ရုရှားရဲ့ Orlan-10 အချက်အလက်စုဆောင်းရေး ဒရုန်းယာဉ်ဟာ ဂျပန်ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ဗီဒီယို ကင်မရာတစ်ခုနဲ့ အင်ဂျင်တစ်ခုကို တပ်ဆင်ထားတယ်လို့ ဗြိတိန် အကြံပေးအဖွဲ့က ပြောပါတယ်။

Source – NHK


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။