Trending Now

မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ပထမဆုံး တွေ့ရှိ

Spread the love

မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ပထမဆုံး တွေ့ရှိ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၇

မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံမှာ စက်တင်ဘာ ၁၆ ရက်နေ့က မျောက်ကျောက်ရောဂါ ကူးစက်ခံရတဲ့ အမျိုးသားတစ်ဦးကို ပထမဆုံး မှတ်တမ်းတင်ခဲ့ပြီး အဲဒီလူဟာ မကြာသေးမီက နိုင်ငံတွင်း ဝင်ရောက်လာသူတစ်ဦဖြစ်တယ်လို့ အဏာပိုင်တွေက ပြောပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကင်မြို့ရှိ ကျန်းမာရေးအဏာပိုင်တွေရဲ့ အဆိုအရ အဆိုပါ အသက် ၃၀ နှစ်အရွယ် အမျိုးသားဟာ ပြီးခဲ့တဲ့သီတင်းပတ်က တရုတ်နိုင်ငံထဲကို ဝင်ရောက်ခဲ့တာဖြစ်ပြီး ကိုဗစ်ရောဂါကြောင့် သုံးရက်ကြာ သီးသန့်ခွဲထားချိန်မှာ မျောက်ကျောက်ရောဂါဖြစ်ပွား မှုလက္ခဏာကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ ကိုဗစ် မူဝါဒအရ နိုင်ငံတွင်းဝင်ရောက်လာသူတွေကို ပုံမှန်အားဖြင့် ဆိုက်ရောက်ကနေ စတင်ပြီး သီတင်းနှစ်ပတ်ကြာ သီးသန့်ခွဲနေထိုင်ရပါတယ်။

အဆိုပါ အမျိုးသားဟာ သီးသန့်ခွဲထားချိန်မှာ မျောက်ကျောက်ရောဂါ လက္ခဏာတွေဖြစ်တဲ့ အရေးပြားနီမြန်းခြင်း အပါအဝင် အခြားလက္ခဏာတွေကိုပါ တွေ့ရှိခဲ့တယ်လို့ မြို့တော် ကျန်းမာရေးကော်မရှင်က အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

လူနာကို မြို့ထဲဝင်ရောက်လာချိန်မှာ ချက်ချင်းသီးသန့် ခွဲထားခဲ့တာအပြင် လူနာက အခြားလူတွေနဲ့ အဆက်အသွယ်ပြုလုပ်ခဲ့ခြင်းမရှိတာကြောင့် ရောဂါကူးစက်ပြန့်ပွားနိုင်ခြေ နည်းပါတယ်လို့ မြို့တော် ကျန်းမာရေး ကော်မရှင်က ဆိုပါတယ်။

လူနာဟာ သတ်မှတ်ထားတဲ့ ဆေးရုံမှာ ဗဟိုချုပ်ကိုင်မှုနဲ့ သီခြားခွဲနေထိုင်ရပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်စွာရှိနေတယ်လို့ အစီရင်ခံစာက ဆိုပါယတယ်။

— ကိုးကား —
FAN
ref; China records first monkeypox case

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။