Trending Now

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲ ကျင်းပပြုလုပ်

Spread the love

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲ ကျင်းပပြုလုပ်

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၁

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယနေ့ ဖေဖော်ဝါရီလ (၁၁)ရက်နေ့ နံနက် (၇)နာရီခန့်က (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း ကချင်ပြည်နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ သိရသည်။

ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ်လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲမှုကို တိုက်ဖျက်သည့်အနေဖြင့် အားကစားကို စိတ်ဝင်စားလာစေရန်၊ လူပေါင်းလူထုအားကစာများ ပိုမိုဖွင့်ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ကာ လူထုစုပေါင်းစက်ဘီးစီးနင်းပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ရည်ရွယ်ချက်ကတော့ ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် လူငယ်တွေမူးယစ်ဆေးဝါးသုံးစွဲမှုကို တိုက်ဖျက်တဲ့အနေနဲ့အားကစားကို စိတ်ဝင်စားလာစေရန်၊ အခုလို လူထု စုပေါင်းပါဝင်နဲ့ အားကစားနည်းတွေ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီးလုပ်တာပါ အရင်ကလည်းစက်ဘီးစီးနင်းပွဲလုပ်ပါတယ် ကိုဗစ်ကာလမှာဘဲ ရပ်သွားတာပါ အခုပြန်လုပ်တဲ့သဘောပေါ့”ဟု ၎င်းက ပြောသည်။

အဆိုပါ လူထုစုပေါင်း စက်ဘီးနင်းပွဲကို အင်အား (၁၅၀)ခန့်ဖြင့် စုပေါင်းကာ ပြည်နယ်ကွင်း အထူးတန်းပွဲကြည့်စင်ရှေ့မှ မြို့တော်ခန်းမအရှေ့လမ်း၊ ထိုမှတစ်ဆင့် ဘူတာလမ်းအတိုင်းသွားကာ ရွေနဒီလဘက်ရည်ဆိုင်ရှေ့မှ ပြန်ကွေ့ပြီး လာလမ်းအတိုင်း ပြည်နယ်ဘောလုံးကွင်းကို ဝင်ကာ ကွင်းအတွင်း နှစ်ပတ် စီးနင်းခဲ့ကြကြောင်းသိရသည်။

အဆိုပါ စက်ဘီးစီးနင်းသူအားလုံးကို BMX စက်ဘီးနှစ်စီးနှင့် အခြားဆုများစွာကို ကံစမ်းမဲများဖောက်ပေးခဲ့ပြီး စီးနင်းသူအားလုံးကို Tရှပ်လက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။