Trending Now

မြေရှားသတ္တုတွင်းတွေ ပြန်လည်စတင်ဖို့ ဗီယက်နမ်စီစဉ်

Spread the love

မြေရှားသတ္တုတွင်းတွေ ပြန်လည်စတင်ဖို့ ဗီယက်နမ်စီစဉ်

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၅

ဗီယက်နမ်က နိုင်ငံအတွင်းမှာရှိတဲ့ မြေရှားသတ္တုတွင်းတွေကို အနောက်နိုင်ငံတွေရဲ့ အကူအညီနဲ့ လာမယ့်နှစ်အတွင်းမှာ ပြန်လည်စတင်ဖို့ စီစဉ်နေတယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။

ကုမ္ပဏီနှစ်ခုရဲ့ အဆိုအရ လျှပ်စစ်ကားတွေ၊ စမတ်ဖုန်းတွေနဲ့ နည်းပညာပိုင်းဆိုင်ရာ အီလစ်ထရောနစ် ပစ္စည်းတွေမှာအသုံးပြုတဲ့ မြေရှားသတ္တုနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ သြဇာလွမ်းမိုးမှုကို တွန်းလှန်ဖို့အနောက်နိုင်ငံတွေရဲ့ ကြိုးစားမှုတစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဗီယက်နမ်အစိုးရက နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ Dong Pao အကြီးဆုံး သတ္တုတွင်းလုပ်ကွက်ကို အခုနှစ်မကုန်မီ တင်ဒါခေါ်ယူဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

လေလံဆွဲမယ့်အချိန် ပြောင်းလဲနိုင်ပေမယ့် အစိုးရက မိုင်းတွင်းကို လာမယ့်နှစ်မှာ ပြန်လည်စတင်ဖို့ စီစဉ်နေတယ်လို့ ဗီယက်နမ် Rare Earth JSC (VTRE) ဥက္ကဌ လူအိုင်တွမ်က ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ အငြင်းပွားမှုတွေကြောင့် တရုတ်နိုင်ငံက ဆီမီးကွန်ဒက်တာတွေမှာ အသုံးပြုတဲ့ အသေးစားသတ္တုတင်ပို့မှုတွေကို တားမြစ်ပိတ်ပင်ခဲ့ပြီး နိုင်ငံအများအပြားက ထောက်ပံ့မှုပြတ်တောက်သွားမှာကို စိုးရိမ်နေချိန်မှာ သတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အမေရိကန် ဘူမိဗေဒစစ်တမ်းရဲ့ အဆိုအရ ဗီယက်နမ်ဟာ ဒုတိယအကြီးဆုံး မြေရှားပါးသတ္တုသိုက်ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ ဈေးနှုန်းချိုသာမှုကြောင့် ဗီယက်နမ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု နည်းပါးသွားတဲ့အတွက် သတ္တုတွင်း အများစုဟာ အသုံးချထားခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

အခုလအတွင်း ဟနွိုင်းမြို့ကိုရောက်ရှိခဲ့တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မြေရှားသတ္တု ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်မယ့် သဘောတူညီချက်တစ်ရပ်ကို ဗီယက်နမ်နဲ့ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ကမ္ဘာ့မြေရှားသတ္တုဈေးကွက်ကို တရုတ်နိုင်ငံက ထိန်းချုပ်ထားသလို ဈေးကွက်မှာလိုအပ်တဲ့ မြေရှားပါးသတ္တု ၉၀ ရာခိုင်နှုန်းခန့်ကိုလည်း ထုတ်လုပ်နေတယ်လို့ သိရပါတယ်။

Ref; Inside Vietnam’s plans to dent China’s rare earths dominance

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။