Trending Now

ဆွေးနွေးပွဲအသစ်တွေ လက်ခံကျင်းပဖို့ အစ္စရေးက ဂါဇာတောင်ပိုင်းမှာ တပ်ဖွဲ့ဝင်တွေကို လျှော့ချ

Spread the love

ဆွေးနွေးပွဲအသစ်တွေ လက်ခံကျင်းပဖို့ အစ္စရေးက ဂါဇာတောင်ပိုင်းမှာ တပ်ဖွဲ့ဝင်တွေကို လျှော့ချ

EPN
နိုင်ငံတကာ၊ ဧပြီ ၈

အစ္စရေးက ဂါဇာတောင်ပိုင်းမှာရှိတဲ့ စစ်သားတွေကို ထပ်မံရုပ်သိမ်းခဲ့ပြီး တပ်မဟာတစ်ခုသာ ကျန်ရှိတော့ကြောင်းနဲ့ အလားအလာရှိတဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲအတွက် ကိုယ်စာလှယ်အဖွဲ့တွေ အီဂျစ်ကို စေလွတ်ခဲ့တယ်လို့ တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

အစ္စရေးဘက်က ဂါဇာကမ်းမြောင်ဒေသမှာ နှစ်စကတည်းက စစ်သားအရေအတွက်ကို လျော့ချခဲ့ရပြီး အထူးသဖြင့် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်က အကူအညီပေးရေးလုပ်သား ၇ ဦး သေဆုံးခဲ့ပြီးနောက် ဖိအားတွေ တိုးလာခဲ့ပါတယ်။

တပ်သားတွေ ဆုတ်ခွာပေးခဲ့ရတဲ့ အကြောင်းရင်းနဲ့ အရေအတွက် အသေးစိတ်ကို အစ္စရေးစစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် ကာကွယ်ရေးဝန်ကြီး Yoav Gallant ကတော့ ဂါဇာအနာဂတ်စစ်ဆင်ရေးအတွက် ပြင်ဆင်နေမယ်လို့ ပြောကြားခဲ့ပါတယ်။

ဂါဇာကို ထိန်းချုပ်နေတဲ့ အစ္စလမ္မစ် လှုပ်ရှားမှုအဖွဲ့ ဟားမတ်စ် နဲ့ အစ္စရေးတို့က အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအတွက် ကိုယ်စာလှယ်အဖွဲ့တွေ အီဂျစ်ကို စေလွတ်ထားတယ်လို့ နှစ်ဖက်စလုံးက အတည်ပြုထားပါတယ်။

စစ်ပွဲအဆုံးသတ်ဖို့နဲ့ အစ္စရေးတပ်တွေ ဆုတ်ခွာပေးရမယ့် ဘယ်လိုသဘောတူညီချက်မဆို ဟားမတ်စ်က အလိုရှိကြောင်း ပြောကြားခဲ့ပြီး အစ္စရေးဘက်ကတော့ အပစ်အခတ်ရပ်စဲရေးအပြီးမှာ ဟားမတ်စ်ကို ဖြိုခွင်းပစ်မယ်လို့ ကတိပြုထားပါတယ်။

 

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဓားစာခံဓားစာခံတွေကို လွှတ်ပေးခြင်းမရှိဘဲ သဘောတူညီချက် တစ်စုံတစ်ရာရှိလာမှာမဟုတ်ကြောင်းနဲ့ နိုင်ငံတကာဖိအားတွေကို ဂရုစိုက်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ သဘောတူညီချက်အရ ဂါဇာကမ်းမြှောင်တစ်လျှောက်နေထိုင်သူတွေကို လွတ်လပ်စွာသွားလာခွင့်ပေးရမယ်လို့ ဟားမတ်စ်က ပြောပါတယ်။

ဟားမတ်စ်တို့ရဲ့ အောက်တိုဘာ ၇ ရက်နေ့က တိုက်ခိုက်မှုအတွင်း ဓားစာခံ ၂၅၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး လူပေါင်း ၁၂၀၀ ကျော်သေဆုံးခဲ့တယ်လို့ အစ္စရေးကပြောပါတယ်။ အစ္စရေးရဲ့ တန်ပြန်ထိုးစစ်ကြောင့် ပါလက်စတိုင်း ၃၃,၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဂါဇာမှာ အစ္စရေး ဓားစာခံ ၁၃၀ ခန့် ဖမ်းဆီးခံထားရဆဲဖြစ်ပြီး လတ်တလော အပစ်အခတ်ရပ်စဲရေးဖြစ်နိုင်ပေမယ့် ဂါဇာကို ဟားမတ်စ်တို့ မထိန်းချုပ်နိုင်တော့တဲ့အချိန်အထိ အစ္စရေးက စစ်ပွဲကို ဆက်လက်ဆင်နွှဲသွားမယ်လို့ ကာကွယ်ရေးဝန်ကြီး Yoav Gallant က ပြောပါတယ်။

Ref; Reuters


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။