Trending Now

မုံရွာမှာ လမ်းဘေးစျေးသည် ၁ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

Spread the love

မုံရွာမှာ လမ်းဘေးစျေးသည် ၁ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

EPN
မုံရွာ ၊ ဇူလိုင် ၂၀

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ စက်မှုဇုန်ရပ်ကွက် ၊ မြတ်လေးလမ်းနဲ့ စိန်ပန်းနီလမ်းထောင့်မှာ မနေ့ ဇူလိုင် ၁၉ ရက် နေ့လည် ၂ နာရီအချိန်ခန့်က လမ်းဘေးစျေးသည် ၁ ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ မုံရွာမြိုခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

” စက်မှုဇုန်ရပ်ထဲက မိုက်တီးစားသောက်ဆိုင်ရှေ့မှာ စျေးရောင်းနေတဲ့ စျေးသည် မနီနီမြင့် ပစ်သတ်ခံရတာ ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ လူသတ်မှုနဲ့ ပတ်သက်လို့ မုံရွာမြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူ တဦးက ” မြတ်လေးလမ်းနဲ့ စိန်ပန်းနီ လမ်းဆုံနေရာက မိုက်တီးစားသောက်ဆိုင်ရှေ့မှာစျေးသည် ဒေါ်နီနီမြင့် ပစ်သတ်ခံရတာပါ ၊ အကြမ်းဖက်သမား ၂ ယောက်က ဆိုင်ကယ်နဲ့ လာပစ်သတ်သွားတာ ” လို့ ပြောပါတယ်။

အဲ့ဒီ လူသတ်မှာကို မုံရွာမြို့နယ်ရဲတပ်ဖွဲရုံးက အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုလ ၅ ရက်နေ့က မုံရွာမြို့ ၊ နန္ဒဝန်ရပ်ကွက် ၊ အောင်မဟာလမ်း ၊ နန္ဒဝန်စျေးအနီးက ကုန်စုံဆိုင်ဖွင့်ပြီး စျေးရောင်းနေတဲ့ စျေးသည် ၁ ဦးလည်းဖြစ် ၊ မုံရွာမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်ရဲ့ ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီကနေ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိင်ခဲ့သူ တယောက်လည်းဖြစ်တဲ့ဦးသိန်းလွင်မြင့် ဆိုသူဟာ နေအိမ် ကုန်စုံဆိုင်မှာ စျေးရောင်းနေတဲ့အချိန် ပစ်သတ်ခံရလို့ သေဆုံးသွားပါတယ်။

အဲ့ဒီနောက် အခုလ ၈ ရက်နေ့ မနက်ပိုင်းက မုံရွာမြို့ ၊ မြဝတီရပ်ကွက် ၊ ဗိုလ်တထောင်လမ်းမှာ ရှိတဲ့ မန်းကျည်းပင်းစျေးမှာ ကုန်စိမ်းရောင်းနေတဲ့ စျေးသည် ဒေါ်ခင်စန်းတင့် ဆိုသူဟာ သေနတ်နဲ့ ပစ်သတ်ခံရတဲ့အတွက် သေဆုံးသွားခဲ့ပါတယ်။

အဲ့ဒိအပြင် ပြီးခဲ့တဲ့လကလည်း မုံရွာမြို့ ဒေါနခြံရပ်ကွက် ၊ ပြည်ထောင်စုလမ်းမှာရှိတဲ့ ကန်သာယာ မနက်စျေးမှာ စျေးရောင်းနေတဲ့ ထန်းတောရပ်ကွက်က စျေးသည် တယောက် ပစ်သတ်ခံရတာ ဖြစ်ခဲ့ပါသေးတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။