Trending Now

စပိန်နိုင်ငံတွင် သုံးလအတွင်း ပထမဆုံးအကြိမ် အဖြစ် ကိုဗစ်-၁၉ ရောဂါကြောင့် လူသေဆုံးမှုမရှိကြောင်း ထုတ်ပြန်ကြေညာ

Spread the love

စပိန်နိုင်ငံတွင် သုံးလအတွင်း ပထမဆုံးအကြိမ် အဖြစ် ကိုဗစ်-၁၉ ရောဂါကြောင့် လူသေဆုံးမှုမရှိကြောင်း ထုတ်ပြန်ကြေညာ

EPN
နိုင်ငံတကာ၊ ဇွန် ၂

သုံးလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြီးခဲ့သော ၂၄ နာရီအတွင်း လူသေဆုံးမှု မရှိခဲ့ဟု စပိန်နိုင်ငံက ထုတ်ပြန်ကြေညာသည်။

မတ်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့သော ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေ ဆုံးမှုမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အကြီးတန်း ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ဇွန်လ ၁ ရက်တွင် ပြော ကြားခဲ့သည်။

“ဒီနေ့ စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုမရှိပါဘူး” ဟု ကျန်းမာရေးနှင့် အရေးပေါ်အခြေ အနေများ ညှိနှိုင်းဆောင်ရွက်မှုဗဟိုဌာန အကြီးအကဲ ဖာနန်ဒိုဆိုင်မွန်က သတင်းထောက်များသို့ ပြောကြားခဲ့ သည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသစ် အရေအတွက်လည်း ကျဆင်းခဲ့ကြောင်း ၎င်းက ပြောသည်။ စပိန်နိုင်ငံ တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ်လ ၃ ရက်နောက်ပိုင်း နေ့စဉ်လူသေဆုံးခဲ့ပြီး အဆိုပါဗိုင်းရပ်စ်ကြောင့် ပထမဆုံး လူသေဆုံးမှုမှာ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဖြစ်သည်။

စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ဘေး အဆိုးရွားဆုံးခံရသည့် တိုင်းပြည်တစ်ခုဖြစ်ပြီး ဓာတ်ခွဲအတည်ပြု ကူး စက်မှု ၂၃၉၆၃၈ အထိရှိပြီး သေဆုံးသူ ၂၇၁၂၇ ဉီးရှိကြောင်း ဝန်ကြီးဌာန၏ နောက်ဆုံအကြိမ် အချက်အလက်များ အရ သိရသည်။

စပိန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုခြေရာခံရာတွင် မြန်ဆန်လာခဲ့ကြောင်း ဆိုင်မွန်က ပြောသည်။

ကမ္ဘာပေါ်တွင် အတင်းကြပ်ဆုံး ကန့်သတ်ချက်များ တစ်ဖြည်းဖြည်း ဖြေလျှော့နေလင့်ကစား လူစုလူဝေးခြင်းများ မပြုလုပ်ရန် ပိတ်ပင်ထားသည့် လက်ရှိအစီအမံများကို လေးစားသမှုရှိရန် ၎င်းက သတိပေးခဲ့သည်။

–အေအက်ဖ်ပီ
Ref; For the first time since March, Spain records no new daily coronavirus deaths


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။