Trending Now

မြစ်ကြီးနားမြို့ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန်ထက် ကျဆင်း

Spread the love

 

မြစ်ကြီးနားမြို့ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန်ထက် ကျဆင်း

EPN

မြစ်ကြီးနား၊ မတ် ၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရွှေဈေးကွက်မှာ နိုင်ငံရေးနှင့် ကိုဗစ်ရောဂါအခြေအနေများကြောင့် ပုံမှန်ထက် အရောင်းအဝယ် သိသိသာသာ ကျဆင်းလျက်ရှိကြောင့် ပြည်နယ်အတွင်းရှိ ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

ယခင်က မြစ်ကြီးနားရွှေဈေးကွက်တွင် ဝယ်ယူသူထက် ရောင်းချသူ များပြားခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ရောင်းချသူများပါ နည်းပါးလာနေကြောင်း မြစ်ကြီးနားမြို့အတွင်းရှိ ရွှေဆိုင်များထံမှ သိရသည်။

“အခုနောက်ပိုင်းက တော်တော်များများ အဆင်မပြေကြဘူးလေ ရွှေဆိုတာ အဆင်ပြေပိုလျှံမှ ဝယ်နိုင်ကြတာ အခုအချိန်ကတော့ အားလုံးကြပ်တည်းနေတယ် အဆင်မပြေကြဘူးပေါ့ ဒါကြောင့် ရွှေအရောင်းအဝယ်တွေ ကျဆင်းလာတယ်လို့ ပြောလို့ရတယ် အခုက ဝယ်တဲ့သူရော ရောင်းတဲ့သူရော သိသိသာသာ ကျဆင်းလာတာကတော့ ၂လလောက်ရှိပြီး “ဟု ၎င်းကဆိုသည်။

ကချင်ပြည်နယ်အတွင်း မတ်လ ၄ ရက်နေ့ ပေါက်ဈေးမှာ ၁၆ ပဲရည်တစ်ကျပ်သားလျှင် (၁၉၄၃၀၀၀)ကျပ် နှင့် ၁၅ပဲရည်လျှင် (၁၈၂၈၀၀၀)ကျပ် အထိ ရှိနေကြောင်း သိရသည်။

လက်ရှိ ပြည်တွင်းရွှေဈေးကွက်မှာ ကမ္ဘာရွှေဈေးပေါ်တွင် မူတည်နေပြီး ပုံမှန် သင်္ကြန်မတိုင်မှီ ရွှေဈေးပြန်လည်ကျဆင်းလေ့ရှိသော်လည်း လတ်တလော ဖြစ်ပေါ်နေသည့် ယူကရိန်-ရုရှားအခြေအနေများကြောင့် ရွှေဈေးကျဆင်းမှု၊ မြင့်တက်မှုအခြေအနေများကို ခန့်မှန်းရခက်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောဆိုသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။