Trending Now

ကချင်ပြည်နယ်၊ အား/ကာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၇၅နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအ မှတ် ပျော်ပွဲရွှင်ပွဲသို့ ဝန်ကြီးများတက်ရောက်ဆုချီးမြှင့်

Spread the love

ကချင်ပြည်နယ်၊ အား/ကာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၇၅နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအ မှတ် ပျော်ပွဲရွှင်ပွဲသို့ ဝန်ကြီးများတက်ရောက်ဆုချီးမြှင့်
EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၂
ကချင်ပြည်နယ်၊ အား/ကာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၇၅နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲကို ယနေ့ နံနက် ၉နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းတွင်ကျင်းပပြုလုပ်ခဲ့ပြီး ၎င်းပျော်ပွဲရွှင်ပွဲသို့ ဝန်ကြီးများဆက်ရောက် ဆုချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
၇၅နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကျောင်းသား၊ကျောင်းသူများ စုပေါင်း၍ကစားနည်း ၂၂မျိုးကစားခဲ့ပြီး၊ဆုရရှိခဲ့သူများနှင့်အသက် ၄၅နှစ်အထက်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယ ဆုရရှိခဲ့သူများကို ဆုချီးမြှင့်ပေးခဲ့ကြောင်း ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မှတာဝန်ရှိသူတစ်ဦးကပြောသည်။
“ဒီနေ့ကတော့ ကလေးတွေအတွက် ပျော်ပွဲရွှင်ပွဲတွေ အဓိကဆောင်ရွက်ပေးတယ်။ပျော်ပွဲရွှင်ပွဲကိုဦးစားပေးပြီး အားကစားသဘောပါတဲ့ပြိုင်ပွဲလေးတွေပြုလုပ်ပေးထားတာ။အခုက လက်ရှိမှာ ကိုဗစ်-၁၉ ရောဂါတွေက တအားဖြစ်နေတော့ ကျောင်းသားတွေရောမှာစိုးလို့။ကလေးတစ်ယောက်ကူးသွားရင် သူ့ကျောင်းမှာကျောင်းသားအနည်းဆုံးနှစ်ရာကျော်လောက်ရှိတယ်။အကုန်ကူးသွားနိုင်တယ်။အတွင်းထဲကကျတော့ နိုင်နိုင်နင်းနင်းထိန်းချုပ်နိုင်တာဖြစ်တဲ့အတွက် နယ်စပ်ရေးရာက ကလေးတွေပဲ အဓိကလုပ်ပေးခဲ့တာပါ”ဟု ယင်းကပြောသည်။
အဆိုပါ ၇၅နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲသို့ ပြည်နယ်တရားဝန်ကြီးချုပ် ဦးတူးဂျာ၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း၊စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊လူမှုရေးရာဝန်ကြီး ဦးရဲဝင်းထွန်း၊ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ပြည်နယ်အမျိုးသမီးအားကစားဆပ်ကော်မတီ ဥက္ကဌ ဒေါ်နန်းစိန်အေးနှင့် မြစ်ကြီးနား တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းတို့တက်ရောက်ခဲ့သည်။
ဇက်ကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။