Trending Now

ဂျပန်ဝန်ကြီးချုပ်ဟောင်းကို ပစ်သတ်ခဲ့သူကို စိတ်ရောဂါဆိုင်ရာ စစ်ဆေးမှုတွေ လုပ်မယ့်နေရာ ပြောင်းရွှေ့

Spread the love

ဂျပန်ဝန်ကြီးချုပ်ဟောင်းကို ပစ်သတ်ခဲ့သူကို စိတ်ရောဂါဆိုင်ရာ စစ်ဆေးမှုတွေ လုပ်မယ့်နေရာ ပြောင်းရွှေ့

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၂၆

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုးအာဘေး ကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အမျိုးသားကို စိတ်ရောဂါနဲ့ပတ်သက်ပြီး စစ်ဆေးအကဲဖြတ်မှုတွေပြုလုပ်ဖို့ စုံစမ်းစစ်ဆေးရေးအရာရှိတွေက အိုစာကာမှာရှိတဲ့ ထိန်းသိမ်းရေးစခန်းကို ပြောင်းရွှေ့လိုက်ပြီ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ကို ပစ်ခတ်ခဲ့တဲ့ အသက် ၄၁ နှစ်အရွယ် ရာမာဂါမီ ဟာ အိုစာကာထိန်းသိမ်းရေးစခန်းကို ရောက်ရှိသွားပြီးနောက် ရာဇဝတ်ကြောင်းအရ တာဝန်ရှိသလား ဆိုတာ ဆုံးဖြတ်နိုင်ဖို့အတွက် အဲဒီထိန်းသိမ်းရေးစခန်းမှာရှိတဲ့ စိတ်ရောဂါဆိုင်ရာကျွမ်းကျင်သူတွေရဲ့ စမ်းသပ်စစ်ဆေးမှုကို ခံယူရမှာ ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာစစ်ဆေးအကဲဖြတ်မှုတွေပြုလုပ်ဖို့ သူ့ကို နိုဝင်ဘာ ၂၉ ရက်အထိ ၄ လ လောက် ထိန်းသိမ်းထားမှာ ဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအရာရှိတွေက အဲဒီရလဒ်တွေအပေါ်မူတည်ပြီး သူ့ကို စွဲချက်တင်မလား မတင်ဘူးလားဆိုတာကို ဆုံးဖြတ်မှာဖြစ်ပါတယ်။

Source – NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။